မျက်နှာချင်းဆိုင် ဆုံဖြစ်ကြပေမယ့် တိတ်ဆိတ်နေကြသည်။ မှာထားသည့်ကော်ဖီခွက်ကို တငုံချင်းယူသောက်နေသည့် လမင်းကိုလည်း ပန်းဝတ်ရည် စိုက်ကြည့်နေသည်။ သူမဘက်မှ ဘာများစပြောလာမလဲဟူသည့်အတွေးနဲ့ စောင့်နေခြင်းပင်။ ဘာမှမပြောသေးဘဲ ငြိမ်နေသူကြောင့် အကြီးဖြစ်သည့် ပန်းဝတ်ရည်ဘက်မှသာ စရန်ပြင်လိုက်သည်။
"အမကိုတွေ့ဖို့ခေါ်တာ...ဘာများ ပြောစရာရှိလို့လဲ"
ပန်းဝတ်ရည် မေးတော့ လမင်း ခွက်ကို အသာချပြီး နှုတ်ခမ်းတစ်ဖတ်တွန့်ကွေးရုံပြုံးကာ တုံ့ပြန်လာ၏။"အမသိပြီးပြီထင်တယ် ကျွန်မမောင်နဲ့အမရဲ့တူလေးကိစ္စ"
သူမအမေးကြောင့် ပန်းဝတ်ရည် မျက်မှောင်ခပ်ကြုံ့ကြုံ့တော့ဖြစ်မိသည်။ ထိုကိစ္စကို လမင်းသိရင် ဘယ်လောက်ရှုပ်သွားမလဲဆိုတာ အကြောင်းသိသော ပန်းဝတ်ရည်ရိပ်စားမိသည်။ သို့ပေသိ မူမပျက်နေရင်း ပြန်လည်တုံ့ပြန်လာပါသည်။
"ဘာကိစ္စများလဲ အမအထင်တော့ ထွေးထွေးထူးထူးကိစ္စမရှိဘူးထင်တာဘဲ"
"အဟက်...ဒီလို ပြောပုံအရ အမလည်း တစ်ခုခုသိထားမယ်ထင်တယ်... အမ... ကျွန်မတစ်ခုဘဲပြောမယ်။ မြတ်မင်းသူရဆိုတာ TRလုပ်ငန်းစုရဲ့တစ်ဦးတည်းသော အမွေဆက်ခံမယ့်သူ။ အဲ့လိုလူတစ်ယောက်ကို ပတ်ဝန်းကျင်က ဘယ်လောက်တောင် အာရုံစိုက်မလဲဆိုတာ အမသိမှာဘဲ။ ဒါကိုမှ ဘာမဟုတ်တဲ့ အချစ်ကိစ္စ...ကျစ် အဲ့လိုပြောရအောင်လည်း ယောက်ျားချင်းဆိုတာကြီးက အဓိပ္ပါယ်မရှိတဲ့ခနတာ အပျော်အပါးကိစ္စ။ အဲ့ကိစ္စနဲ့ဘဲ ကျွန်မတို့ ဂုဏ်သိက္ခာ.."
"ဟေးဟေး ခန..ခနနေပါဦး လမင်း"
ပြောနေသည်ကို ရပ်ခိုင်းလာသော ပန်းဝတ်ရည်ကြောင့် လမင်း မျက်မှောင်ကြုံ့သွား၏။ ပန်းဝတ်ရည်မှာ သူမ၏စကားတို့ကို ပြန်တုံ့ပြန်ရန် ပြင်ဆင်လိုက်သည်။
"မင်း အခုလို ပြောနေတာတွေက ဘာကိုဆိုလိုချင်လဲ အမ မသိဘူး သိလည်းမသိချင်ဘူး။ ဒါပေမယ့် မင်း အဲ့လိုစကားတွေပြောရအောင် အခု ဘာတွေဖြစ်နေကြလို့လဲ။ ပြီးတော့ မင်းရဲ့မောင်ကို အမတို့က ဘာလုပ်နေလို့လဲ။ မင်းရဲ့မိသားစုထိခိုက်အောင်ရော အမတို့ကဘာလုပ်နေလို့လဲ။ အဟက်...မင်းပြောနေပုံက တဖတ်သက်ဆန်လိုက်တာ ပြီးတော့ TRလုပ်ငန်းစုဆိုပြီး ကိုင်ပေါက်ရအောင်လည်း မင်းမှာ အခွင့်ရှိလို့လား"
CZYTASZ
Kiss me,Baby (Completed)