~22~

2.4K 154 7
                                        

လရောင်ပျို့တို့ကတော့ စောစောစီးစီးအိပ်ရာထပြီး လုပ်စရာရှိသည်တို့ကို ပုံမှန်အတိုင်းလုပ်လေသည်။ အိပ်ရာမှထပြီးသည်နှင့် ထုံးစံအတိုင်း ဘုရားရှိခိုးပြီးလေတော့ မနက်စာ​ပြင်ဆင်ရန် မီးဖိုချောင်မှာအလုပ်ရှုပ်နေပြန်သည်။

"လရောင်လေးရယ် ကြီးမေတို့လုပ်လိုက်ပါ့မယ် ကျောင်းပိတ်ရက်လေးကို အနားယူမှပေါ့"
ကြီးမေက ဂရုဏာသက်စွာပြောလာတော့ လရောင်ပြုံးမိသည်။ အရင်တည်းက မိမိအား မင်းသားလေးတစ်ပါးကဲ့သို့ ဆက်ဆံပေးကြသည်မဟုတ်လား။

"ရပါတယ် ကြီးမေရဲ့... ကျွန်တော် အရင်ကလည်းပြောပြီးသားကို ဦးထွဋ်အတွက်ဘဲဖြစ်ဖြစ်လုပ်ပေးချင်လို့ပါလို့"

လရောင် ​ဖြေရှင်းချက်ထုတ်လာလေတော့လည်း ကြီးမေလည်း ငြင်းမနေတော့။ သည့်နောက် ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး လရောင် ဦးထွဋ်ဆီသွားလိုက်သည်။

အခန်းတံခါးခေါက်တော့ အထဲမှ အသံမကြား။

"ဦး... ကလေးဝင်လာပြီနော်"

လရောင်အသံပြုသော်လည်း ထပ်မကြားရပြန်။ ရေချိုးနေတာများလားဟုတွေးကာ ဖွင့်ကြည့်မိတော့ ဦးက အိပ်ရာထက်မှာ အိပ်နေတုန်း။ ဒီအချိန်ဆို ထသင့်နေပြီကို ဘာများဖြစ်လို့ပါလိမ့်။

"ဦး .... ထတော့လေ ဦး"
ဂုဏ်ရည်၏လက်မောင်းအား အသာကိုင်လှုပ်ကာ နှိုးသော်လည်း တစ်ဖတ်မှ မတုံ့ပြန်လာ။ ထို့ကြောင့် စိုးရိမ်သွားသည်မို့ နှာဖူးပေါ် လက်တင် စမ်းသပ်ကြည့်လေတော့..

"ဟင်.. အဖျားလည်းမရှိပါဘူး"
ဘာမှမထူးခြားသည်မို့ လရောင် တီးတိုးရေရွတ်မိသည်။ ထိုစဥ် ရုတ်တရတ်..
"ဘယ်ရှိမလဲ ဘာမှမှ မဖြစ်တာ"
ပြောလည်းပြော လရောင်၏ကိုယ်လေးကို အိမ်ရာထက် ဆွဲခေါ်လိုက်သော ဂုဏ်ရည်။ ထိုအမှူကြောင့် လရောင် အမေ့လို့ပင် အလန့်တကြားအော်မိသည်။

"ဦး...ဒါ ဘာလုပ်တာလဲဗျ" လရောင် မျက်လုံးဝိုင်းတို့ဖြင့်ကြည့်ရင်း ပြောနေပုံမှာ အသည်းယားစရာ။ လက်ရှိအနေအထားအရ လရောင်၏ခန္ဓာကိုယ်လေးပေါ် အုပ်မိုးနေသော ဦးထွဋ်ကြောင့် လရောင် ကိုယ်တိုင်လည်း ရင်မတုန်ရဘဲမနေနိုင်။

 Kiss me,Baby (Completed)Where stories live. Discover now