~13~

3.9K 290 21
                                    

👀uni & zaw👀

"ဦး ကျွန်တော် ဝင်ခဲ့မယ်နော်"

ဂုဏ်ရည်၏အခန်းထဲမဝင်ခင် ခွင့်တောင်းတတ်ပါသော လရောင်ပျို့။ ယခုလည်း ဦး၏ ခွင့်ပြုသံကြားသည်နှင့်အသာဝင်ခဲ့သည်။

အခန်းထဲရောက်တော့ ဦးက ပြတင်းပေါက်ဘောင်တွင် မှီရပ်လျက် ကောင်းကင်ကြီးကိုကြည့်နေဟန်။ လရောင် ထိုသူ့အနားသွားတော့ ရလိုက်သည့်အနံ့တစ်ခု။ သေချာအနံ့ခံတော့မှ ဆေးလိပ်နံ့ဖြစ်နေ၏။ ဦး အနားသွားကပ်ကြည့်တော့ အမှန်တကယ်ကို ဆေးလိပ်သောက်နေလေရဲ့။ လရောင် ဒီကိုရောက်တည်းက ဦးဆေးလိပ်သောက်တာမမြင်ဖူးဘူး။ ဒါမှမဟုတ် မကြုံတာဘဲလား။ ထိုသို့မြင်ရတော့လရောင်မျက်မှောင်ကုတ်မိသည်။

"ဦး...ဘာလို့ဆေးလိပ်တွေသောက်နေတာလဲ"
လရောင်ဆိုလာတော့ ဂုဏ်ရည် နှုတ်ခမ်းနားတေ့ထားသည့်ဆေးလိပ်တိုအား ဖယ်လိုက်သည်။ လရောင်ကိုကြည့်တော့ မိမိအားအလိုမကျဟန်။

"ကလေးက ကိုယ်ဆေးလိပ်သောက်တာ မကြိုက်လို့လား"

"အဲ့လိုတော့မဟုတ်ပေမယ့်... ဦးက အစာအိမ်မှမကောင်းတာ"
မဝံ့မရဲဆိုနေပါသောကလေးငယ်။

"ဆေးလိပ်သောက်တာနဲ့အစာအိမ်ရောဂါနဲ့ဆိုင်လို့လား"

"ဆိုင်တယ် ဆေးလိပ်သောက်တယ်ဆိုတည်းက ခန္ဓာကိုယ်အတွက် လုံးဝ မကောင်းဘူးဗျ"

"ဟုတ်ပါပြီဗျာ...ကလေးကပြောနေတော့လည်း.."

ဂုဏ်ရည် ဆက်မဆိုဘဲနဲ့ ထိုဆေးလိပ်ကို အုတ်ဘောင်တွင်ချေကာ လွှင့်ပစ်လိုက်သည်။ ထိုအခါမှ လရောင် ပြုံးမိသည်။

"ဒါနဲ့ ဦး....မနက်ဖြန် အလုပ်ပိတ်တယ်မလား"

"အင်း ပိတ်တယ်လေဘာလို့လဲ"

ဂုဏ်ရည့်အဖြေကြောင့် လရောင်မျက်လုံးတို့ဝိုင်းသွား၏။ သို့နှင့်အတူ ကလေးတစ်ယောက်လိုတောင်းဆိုလာပါတော့သည်။

"ဒါဆို မနက်ဖြန် ကျွန်တော့်ကို အပြင်လိုက်ပို့ပေးပါလား ကျွန်တော်ကျောင်းပရောဂျက်အတွက် ဝယ်စရာလေးရှိလို့"

လရောင်တောင်းဆိုတော့ ဂုဏ်ရည် တချက်စဥ်းစားလာသည်။ထို့နောက် လူယုတ်မာပြုံး ပြုံးပြီး လရောင်မျက်နှာနား တိုးကပ်လာသည်။

 Kiss me,Baby (Completed)Donde viven las historias. Descúbrelo ahora