👀zaw & uni👀
"ဘာကိစ္စလဲ"
ဂုဏ်ရည်ခေါ်လာသည့်ဖုန်းကောလ်အား ဖြေလာသော လမင်း၏အသံမှာ စိတ်ရှုပ်နေဟန်။ တစ်ဖတ်ကဂုဏ်ရည်ကတော့ ဟက်ခနဲတစ်ချက်ရယ်သံနဲ့အတူ စိတ်ပျက်စွာဆိုလာတော့သည်။"အဟက် ဘာလဲ လုပ်ချင်တာလုပ်ပြီးသွားတော့ ပြန်ခံရမှာစိုးနေတာလား"
ဂုဏ်ရည်၏ခပ်ပြတ်ပြတ်စကားသည် လမင်းသူရအား ကြောင်အမ်းစေသည်။ သူမ မသိသည့်ကိစ္စကို လာပြောနေသောကြောင့် သူမပို၍ပင်စိတ်ရှုပ်လာသည်။
"ရှင်ပြောနေတာတွေကို ကျွန်မနားမလည်တော့ဘူး"
"ဘာလဲ ထပ်ပြောပြရဦးမှာလား ငါတို့ဆိုက်မှာအသုံးပြုတဲ့ ပစ္စည်းတွေက အခုquality မကောင်းလို့ ဆုံးရှုံးမှုတွေဖြစ်ကုန်ပြီ အဲ့ကိစ္စ မင်းနဲ့ပတ်သက်နေတယ်ဆိုတာ ငါသိတယ်"
"ဘာဆိုင်လို့လဲ ကျွန်မကိုအခုလို လာစွပ်စွဲရအောင် ရှင့်မှာ ဘာသက်သေရှိလို့လဲ"
"သက်သေ ဟုတ်လား အေး အခုငါတို့ မှာယူနေတဲ့ စက်ရုံက မင်းတို့လုပ်ငန်းစုရဲ့လက်အောက်ကဆိုတာ ငါမသိဘူးထင်နေလား"
ဂုဏ်ရည်ပြောလာသည့်စကားကြောင့် လမင်း ဖခင်ဖြစ်သူကို အကဲခတ်မိတော့သည်။ ဖခင်ဖြစ်သူဦးနေမင်းသူမှာတော့ ဖုန်းစပီကာမှတဆင့်ကြားနေရသည်မို့ မျက်နှာခပ်ပျက်ပျက်ဖြစ်နေသည်။ ထိုအခါမှ လမင်းရိပ်မိတော့၏။ သို့ပေမယ့် ဂုဏ်ရည် မရိပ်မိအောင် အသံငြိမ်လျက်တုံ့ပြန်ရသည်။
"အဲ့တာနဲ့ဘဲ ကျွန်မတို့လုပ်တယ်ဖြစ်သွားရောလား ရှင့်ကိုမကျေနပ်တဲ့သူက ကျွန်မတို့ဘဲရှိတာမဟုတ်ဘူးဆိုတာ ရှင်သိထား...."
"ကောင်းပြီလေ မင်းကအခုလိုပြောလာမှတော့ ငါလည်းဘာများဆိုလို့ရဦးမှာလဲ ဒါပေမယ့် တစ်ခုတော့ရှိတယ် မင်းငါ့ကိုစမ်းရင်ဘာဖြစ်မလဲဆိုတာသိတယ်မလား"
ဂုဏ်ရည်က ပြောရင်း ဖုန်းကိုအရင်ဆုံးချပစ်လိုက်သည်။ မကျေမနပ်ဖြစ်နေပေမယ့် လောလောဆယ် လမင်းတို့အားသတိပေးရုံသာ လုပ်ချင်သည်မို့ ဂုဏ်ရည်ဆက်၍အထွန့်မတက်ခြင်းပင်။ ယခုတော့ သူကိုယ်တိုင် ထိုကိစ္စကို ဖြေရှင်းရဦးမည်။
YOU ARE READING
Kiss me,Baby (Completed)