~26~

2K 139 5
                                    

မနက် နေမထွက်ခင်အချိန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာသည့် Australia Flight။ လေယာဥ်ပေါ်မှာတည်းက အိပ်လာတဲ့ ကလေးမှာ အခုပြန်ရောက်တာတောင် အိပ်ချင်မူးတူးဖြင့်။ လေဆိပ်ထိ လာကြိုပေးသည့် မင်းထိုက်၏ကားဖြင့် အိမ်သို့ ပြန်လာတော့ လမ်းတလျှောက် ဂုဏ်ရည်၏ပုခုံးပေါ် မှီပြီး အိပ်လိုက်ပြန်သည်။ ကလေး အတော်ပင်ပန်းနေသည်ထင်ပါ့။

"မောင်ဂုဏ်ရည်တို့ပြန်လာပြီ"
အိမ်ကြီးထဲဝင်သည်နှင့် အိမ်ကြီးသခင်ကို လာရောက်ကြိုဆိုကြသည့် ဒေါ်မြမေတို့မှာ ဝမ်းသာအားရဆိုပြီး တံခါးဖွင့်တော့ အိမ်ကြီးသခင်၏ရင်ခွင်ထဲနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော ကလေးငယ်ကြောင့် ဇက်လေးပုသွားကြ၏။ ဂုဏ်ရည်ထွဋ်ခေါင်ကတော့ သူ့နှုတ်ခမ်းမှာလက်ညှိုးတေ့ပြီး အသံမထွက်ရန် ပြုမူပြတော့ ကျန်တဲ့သူတွေလည်း တိတ်သွားကြသည်။ ထို့နောက် ဂုဏ်ရည်ကပင် လရောင်၏ကိုယ်လေးအားပွေ့ချီကာ အိမ်ထဲခေါ်ဆောင်သွားလေသည်။ ကျန်ခဲ့တဲ့သူတွေမှာသာ ပြုံးစိစိဖြင့်။

"အကိုလေး ပင်ပန်းလာတယ်ထင်တယ်"

"မသိရင် ဟန်နီးမွန်းကပြန်လာတဲ့ဇနီးမောင်နှံတွေကျလို့ ခစ်ခစ်"

တခစ်ခစ်ရယ်ရင်း သဘောတကျပြောနေကြသော အေးမိနဲ့ပိုးဥအား ဒေါ်မြမေ မျက်စောင်းခဲကြည့်နေ၏။

"ညည်းတို့ စကားတွေများမနေကြနဲ့ အထုတ်အပိုးတွေသယ်လိုက်ဦး"

ထိုအခါကျမှ အေးမိတို့နှစ်ယောက် ဇက်လေးပုသွားပြီး အထုတ်အပိုးတွေ သွားမ ရတော့၏။ ခရီးမှပြန်လာသည့် လူသားနှစ်ယောက်ကတော့ အခန်းတွင်းသို့ ရောက်သွားကြလေပြီ။

~~~~~~~

ယခုမှ စိတ်လက်ပေါ့ပါးသွားသလို ခံစားရသည်။ ဘယ်လိုဘဲ သူများနိုင်ငံ၏တိုးတက်ပုံ လှပပုံတွေကို သဘောကျကျ ကိုယ့်မြန်မာပြည်ကသာ ကိုယ့်အတွက်တော့ တန်ဖိုးအရှိဆုံးဆိုတာ လရောင်ပျို့ သိသည်။

လရောင်တို့ပြန်ရောက်တာက သင်္ကြန်အတက်နေ့ရယ်မို့ နောက်တစ်နေ့ နှစ်ဆန်းတစ်ရက် နှစ်သစ်အခါသမယမှာ လရောင်နဲ့ဂုဏ်ရည် ရွှေတိဂုံဘုရားသို့ သွားဖြစ်သည်။ ဒီလိုအဖိုးတန်ရက်လေးကို ကိုယ့်ပြည်မှာဘဲ ဖြတ်သန်းချင်သည်မို့ ပြန်လာဖြစ်တာလည်းပါ၏။ နှစ်ဦးသားပုဆိုးကိုယ်စီ လည်ကတုံးအဖြူ ကိုယ်စီဖြင့် ကျက်သရေရှိပြီး ခန့်ညားနေသည်မှာ မြင့်မြတ်သော ယောက်ျားကောင်းတွေဖြစ်နေလို့ဘဲလား။

 Kiss me,Baby (Completed)Donde viven las historias. Descúbrelo ahora