~42~(Final part)

5.4K 183 16
                                    

​ဆေးရုံးဝန်းအတွင်း တိတ်ဆိတ်နေသည်။ လေတဖြတ်ဖြတ်တိုက်ခတ်နေသည့် ပတ်ဝန်းကျင်ကြောင့် သန့်ရှင်းလက်ဆက်သည့်လေကို မျှဝေရင်း မတွေ့တာကြာပြီဖြစ်တဲ့ ထိုလူကြီး၏မျက်နှာအား တစိမ့်စိမ့်ငေးနေမိသည်။ ဘေးချင်းကပ်ထိုင်နေရတာတောင် ဤလူကြီးက မိမိကို လွမ်းမောရအောင် ပြုစားရက်လေတယ်။

"ကိုယ့်ကို ဘယ်ချိန်ထိ ဒီလိုဘဲ ငေးနေမှာလဲ ကလေးရဲ့" မျက်လုံးထောင့်မှနေ၍ မြင်နေရတာကြာပေမယ့် ဦးထွဋ်က ယခုမှ သူခိုးလူမိသလို ပြောလာတော့ လရောင် မျက်နှာလေးရဲခနဲဖြစ်သွားသည်။

"ဟို...ကလေးက ဒီတိုင်း.."
ရှက်နေပုံလေးကို မတွေ့တာကြာပြီမို့ ဦးထွဋ် ပြုံးရင်း အမြတ်တနိုး ကြည့်မိသည်။ အခုမှနေကောင်းခါစ လူနာဝတ်အင်္ကျီလေးဖြင့် ဖြူဖြူဖျော့ဖျော့လေးနှင့် ကလေးငယ်မှာ ရှက်လို့ ရဲတွတ်သွားသည့်ပါးပြင်က ငုံထွေးချင်စရာကောင်းလှသည်။ ဦးထွဋ်မှာ မနေနိုင်သည့်အဆုံး ထိုပါးမို့မို့လေးကို ဖိကပ်နမ်းတော့ မျက်လုံးလေးကဝိုင်းစက်သွားလို့။

"ဦး~~~ လူမြင်ကွင်းကြီးမှာ"

"ကိုယ့်ကို အသည်းယားအောင် ဘယ်သူလုပ်တာလဲ ပြော"

"ဦးကလည်းဗျာ..."

"ကိုယ်က စတာပါ..ကိုယ်က ကလေးကို လွမ်းနေတာ"
ခပ်သဲ့သဲ့အသံကလွမ်းဆွတ်ဖွယ်။ အလိုက်သင့်ဝင်ရောက်သွားသည့် ရင်ခွင်ကျယ်ကြီးက လရောင်အဖို့ နွေးထွေးဖွယ်။ ဤရင်ခွင်ကို လွမ်းနေတာ ကြာရောပေါ့။

"ဦး ... ကျွန်တော် တောင်းပန်ပါတယ်နော် ဦးကို စိတ်ပူရအောင်လုပ်မိလို့"

တိမ်ဝင်နေသည့်အသံငယ်ကြောင့် ဦးထွဋ် အားမရစွာ ကလေးငယ်ရဲ့ကိုယ်လေးကို အသာဖျစ်ညစ်လိုက်တော့ ခပ်ဖျော့ဖျော့ လူမမယ်လေးထံမှ အင့်ခနဲဘဲ ညည်းမိသည်။

"တောင်းပန်စရာမလိုပါဘူး ကလေးရာ ကိုယ်ကသာ ကလေးကို သေချာမစောင့်ရှောက်နိုင်လို့တောင်းပန်ရမှာ.... အခုကစပြီး" စကားဆိုနေရင်း ကိုယ်ကို အသာခွာကာ မျက်နှာချင်းဆိုင်စေတော့ ရီလဲ့လဲ့မျက်ဝန်းအိမ်တို့နှင့်ဆုံ၏။

 Kiss me,Baby (Completed)Where stories live. Discover now