~16~

3K 219 20
                                    

"မင်းကိုကြည့်ရတာ ဒီနေ့မျက်နှာလန်းနေပါလား ဘာပျော်စရာများရှိလို့လဲ"

ကျောင်းကန်တင်း၌လရောင်တို့အဖွဲ့ထိုင်နေကြတုန်း သန့်ဇင်မှာ လရောင်၏​ပြုံးတုံးတုံးလုပ်နေသည့်မျက်နှာထားကြောင့်မေးမိသည်။ ကျန်တဲ့သူတွေလည်းသတိထားမိသည်ကြောင့် ထောက်ခံနေကြသည်။

"ဘာမှမရှိပါဘူး"
လရောင်မှာ သူတို့ပြောစကားကြောင့်မျက်နှာကိုပြန်ပြင်ပြီး ရှက်တဲ့တဲ့​ဖြစ်လို့။ ဤသည်ကို နွယ်နီက စူးစမ်းသလို ကြည့်နေလေ၏။

"လရောင် နင် တစ်ခုခုဘဲ မနေ့ကကျ ရည်းစားဘူမိနေတဲ့ရုပ်နဲ့ အခုကျ မျက်နှာက ပြုံးဖြီးနေတာဘဲ ဘာလဲ နင့်ဦးနဲ့..."

နွယ်နီကမပြောဘဲ လက်ညှိုးလေးတရမ်းရမ်းလုပ်ပြနေတော့ သူတွေးတာမှန်နေတယ်မဟုတ်လား ဟူသည့်သဘောဖြင့်လုပ်ပြနေသည်။ လရောင်မှာ သူမကြောင့်မျက်နှာတောင်နီမြန်းနေလေပြီ။

"မဟုတ်ပါဘူးဟ လျှောက်မပြောစမ်းနဲ"

"အယ်....ဒီကောင်လေး တစ်ခုခုဘဲ"

သူငယ်ချင်းသုံးယောက်သား ဝိုင်းကြပ်နေကြသည်မို့ လရောင်ပျို့မနေတတ်တော့။ ထိုထဲဝယ် ငြိမ်ပြီးနားထောင်နေသူက ခန့်မင်းကိုပင်ဖြစ်၏။

သူ မနေ့က လရောင်အား စိတ်ပူခဲ့ရသည်။ သို့ပေမယ့် ယခုပြုံးပျော်နေတာကို မြင်ရတော့ ပိုပြီးဝမ်းသာပေးရမည်ကို တခြားတစ်ယောက်ကြောင့်ဟူသည့် အတွေးနဲ့တင် စိတ်ထဲ တစ်စို့နေသလိုပင်။ သူကိုယ်တိုင်ဘဲအတွေးတွေများနေသလား။

"အာ...ဒါနဲ့ မနက်​ဖြန် ရှိန်းမွေးနေ့မလား"
နွယ်နီက စကားဝိုင်းကို ရှိန်းဆီပြန်ဦးတည်တော့မှ ထိုဆီရောက်ကုန်သည်။ ကျန်တဲ့သူတွေသာတက်တက်ကြွကြွရှိပေမယ့် ဒီတခါမတက်ကြွသူက ခန့်မင်းကိုသာ။

"ဟုတ်တယ်"

"ဒါဆိုငါတို့တွေကိုလိုက်ကျွေးရမယ်နော်"

"အေးပါကွာ....ကိုခန့်ရောလိုက်မှာမလား"
ရှိန်းက ငြိမ်နေသည့်ခန့်မင်းကိုအား မေးတော့ ခန့်မင်းကိုမှာ ယခုမှ အတွေးထဲကထွက်လာသလို အသိဝင်တော့၏။

 Kiss me,Baby (Completed)Where stories live. Discover now