"ဟုတ်ကဲ့ ကျွန်တော်လည်း ကျွန်တော့်မွေးနေ့မှာ လုပ်ဖို့ စီစဥ်ထားပါတယ် အဒေါ်"
"အေးပါကွယ် အဒေါ် တို့လည်း အလျင်မလိုပါဘူး အဒေါ့်ကို လရောင်လေးရဲ့လူကြီးမိဘနေရာထားပြီး အသိပေးတာဘဲ ကျေးဇူးတင်နေတာပါ"
ဖုန်းထဲမှ ကျေနပ်စကားသံတို့ကြောင့် ဦးထွဋ် ပြုံးမိသည်။ ကလေး၏အဒေါ်ဖြစ်သူအား မိမိတို့ကိစ္စကို ဆေးရုံမှာတွေ့တည်းက ပြောထားခြင်းပင်။ ထိုကိစ္စကို ကလေးအား အသိမပေးရသေး။ အသိမပေးဆို စပရိုက်တိုက်ချင်တာလည်းပါ၏။
"ရပါတယ် အဒေါ် ကျွန်တော်တို့ဘက်ကသာ ကျေးဇူးတင်ရမှာပါ။ အခုလို ကျွန်တော့ဘဝထဲလရောင်လေးကို ယုံယုံကြည်ကြည် အပ်ပေးလို့"
"မဟုတ်တာကွယ် အစစအရာရာ ကူညီပေးခဲ့လို့ မောင်ရင့်ကိုဘဲ ကျေးဇူးတင်ရမှာပါ။ ဒါဆို အဒေါ် ဖုန်းချလိုက်တော့မယ်နော် အဲ့နေ့ကျရင် အဒေါ် တို့လည်း လာခဲ့ပါ့မယ်"
"ဟုတ်ကဲ့ခင်ဗျ"
ကျသွားသည့်ဖုန်းကို ကြည့်ရင်း ဦးထွဋ် ပြုံးမိသည်။ ကိုယ်နဲ့ကလေးရဲ့နေ့လေးလည်း မကြာခင်ရောက်တော့မှာပါ။
တီတီ..တီ
ဝင်လာသည့်ဖုန်းသံကြောင့် ဦးထွဋ် ကြည့်မိတော့ ကလေးထံမှ ဖုန်းဖြစ်နေ၏။ အိမ်ပြန်ရောက်လို့ လှမ်းပြောတာဖြစ်မည်ဟုတွေးရင်း ဖုန်းကိုင်လိုက်ပါသည်။
"ဟယ်လို ကလေး ပြန်ရောက်နေပြီလား"
"အခု ဖုန်းပိုင်ရှင်က ကားတိုက်ခံရလို့ အခု အရေးပေါ်အခန်းကိုရောက်နေပါတယ် လူနာရှင် အမြန်ဆုံးလာပေးပါရှင်"
တစ်ဖတ်မှ စကားသံတို့ကြောင့် ဦးထွဋ်၏ကမ္ဘာရပ်တန့်သွားသည်။ အသိတို့ပင် ပျောက်မတက်။ တဖြည်းဖြည်း တုန်ယင်လာသည့် လက်ကိုရှေးရှု၍ ကိုင်ထားသည့်ဖုန်းပင် လွတ်ကျလုနီးနီး။
ကလေး... ကလေး... ဟင့်အင်း ကလေး ဘာမှမဖြစ်ပါဘူး.. !!
အတွေးထဲက စကားလုံးတွေပင် မပီမပြင်။ ရုံးခန်းထဲမှ ခြေလှမ်းကျယ်ကြီးတွေဖြင့် ကမှူးရှူးထိုးပြေးထွက်သွားပါသော ဦးထွဋ်ကို ရုံးဝန်ထမ်းတွေတောင် ကြောင်လျက်သား ကြည့်နေကြပြီ။ ဦးထွဋ်ကတော့ ဂရုမမူ။ လရောင်ရှိရာ ဆေးရုံတစ်ခုဆီ အလျင်မြန်ဆုံးနည်းနဲ့ သွားလေပြီ။
YOU ARE READING
Kiss me,Baby (Completed)