~15~

3.4K 240 13
                                    

👀uni & zaw👀

"ဟေ့ ချာတိတ် ခနစောင့်ပါဦး လမ်းလျှောက်တာမြန်လိုက်တာ"

ခြေလှမ်းခပ်သွက်သွက်သွားနေသော ရှိန်းအနောက်သို့ ကမန်းကတန်းလိုက်နေပါသော မြတ်မင်းမှာအလိုမကျဆိုမိသည်။ ရှိန်းကတော့ ထိုလူ့အား ရှိတယ်လို့ကိုမမြင်ဘဲ ဆက်လက်လျှောက်လို့ပင်။

"ချာတိတ် ကိုယ့်ကိုခနစောင့်ဦးလို့"

"ခင်ဗျားဘာဖြစ်နေတာလဲ!!"

အော်ပစ်လိုက်မိပါပြီ ခုနှစ်အိမ်ကြားရှစ်အိမ်ကြား။ ဟုတ်သည် မိမိကိုနောက်ပါးမှလိုက်ရုံမက ပခုံးတစ်ဖတ်ကိုလိုက်ကိုင်ရင်း အတင်းကာရောလုပ်နေသည့်ထိုသူကြောင့် ရှိန်း စိတ်မရှည်ဖြစ်ကာအော်မိခြင်းပင်။ ထိုအခါမှ မြတ်မင်းတစ်ယောက် သွားဖြီးရင်း မျက်နှာချိုသွေးလာပြသည်။ သူ့ပုံစံကြောင့် ရှိန်းနှာခေါင်းရှုံ့မိ၏။

"ဆောရီး ကိုယ်က မင်း မသိချင်ယောင်ဆောင်နေတာနဲ့... "

"အခုဘာလိုက်လုပ်တာလဲ"

"မင်းအိမ်ကိုလိုက်မို့လေ"

"ဘာ!! ခင်ဗျားကို ဘယ်သူက အိမ်လိုက်ဖို့ခေါ်လို့လဲ သွား အခုပြန်"

ရှိန်းတစ်ယောက်ရှူးရှူးရှဲရှဲဖြစ်ရုံမက မြတ်မင်း၏လက်မောင်းကိုပါတစ်ချက်တွန်းပြီးနှင်လွှတ်နေတော့သည်။

"ဟေး ဟေး.. ဘယ်တွေနှင်လွှတ်နေတာလဲ ကိုယ်ကရောမင်းဆီလာတယ်လို့ ပြောမိလို့လား"

မြတ်မင်း ပြောတော့မှ ရှိန်းငြိမ်သက်သွားပြီး မျက်လုံးဝိုင်းတို့နဲ့ကြည့်နေ၏။ မြတ်မင်းကတော့ အောင်နိုင်သူလိုခပ်မဲ့မဲ့တချက်ပြုံးပြီး
"မ ဆီလာတာ" ဟုဆိုကာ အရှေ့မှ ဦးစွာ ထွက်သွားပါတော့သည်။ ရှိန်းမှာတော့ မျက်မှောင်ကြီးကြုံ့ အံကြိတ်ရင်း တောက်တခေါက်ခေါက်ဖြင့် ကျန်ရစ်ခဲ့တော့သည်။

...

ပန်းဝတ်ရည် အပေါ်ထပ်မှ ဆင်းလာသည့်နှင့် အိမ်ပေါက်ဝတွင် တွေ့လိုက်ရသည့်သူနှစ်ယောက်။ တူဖြစ်သူမှာ ဘေးက မြတ်မင်းအား ဆူပုတ်ပုတ်ဖြစ်နေသည်မို့ ပြဿနာများဖြစ်လာကြတာလားဟု တွေးပူမိသေးသည်။

 Kiss me,Baby (Completed)Donde viven las historias. Descúbrelo ahora