~1~

16.5K 632 33
                                    


💕uni & zaw💕

Diamond Construction၏ CEOရုံးခန်းအတွင်း ​ကြက်​သွေးရောင်suitနဲ့ လူကြီးလူကောင်းပီသစွာ ဝတ်ဆင်ထားသည့် သူတစ်ယောက်မှာ စုံလည်ထိုင်ခုံတွင် ထိုင်ရင်း ဖိုင်တွဲများဖြင့် အလုပ်ရှုပ်နေ၏။ ဤအချိန်ဟာ အလုပ်ချိန်ဖြစ်သည့်အလျောက် ထိုသူဟာ အလုပ်ကို အမြဲအာရုံစိုက်လုပ်တတ်သည်။ ထိုသူသည် သူ့ဘဝအား ယခုလုပ်ငန်းအတွင်းထဲသာ မြှုပ်နှံထားသည်။ သူဘဝမှာ မိဘမရှိ။ ယုံကြည်ရတဲ့ဆွေမျိုးမရှိ။ ကိုယ့်အားသာကိုယ်ကိုးရသူမို့ ဤလုပ်ငန်းစုကိုသာ သူ့ဘဝဟုသက်မှတ်ထားခြင်းဖြစ်၏။

သူ???
သူဆိုသည်မှာ...
Diamond Construction ၏ CEO ဦးဂုဏ်ရည်ထွဋ်ခေါင်။ လူတိုင်း၏လေးစားအားကျ​ခြင်းခံရသူ။ စီးပွားရေးနယ်ပယ်မှာတော့ ဂုဏ်ရည်ထွဋ်ခေါင်ဆိုသည်နှင့် မသိသူမရှိ။ အသက်ကား ၃၀နီးပါးဖြစ်နေပေမယ့် အသက်ရွယ်နဲ့မှမလိုက် ရုပ်ရည်ကနုပျိုလွန်းသည်။ ခန့်ညားလွန်းပြီး အရည်အချင်းပြည့်စုံလွန်းသည့် ထိုလူပျိုကြီးကို လာရောက်ကမ်းလှမ်းသည့် ဣတ္ထိယအမျိုးသမီးများဆိုသည်မှာလည်း မရေတွက်နိုင်။ သို့ပေသိ ဂုဏ်ရည်ထွဋ်ခေါင်ကတော့ ဘယ်သူ့ကိုမှစိတ်မဝင်စားခဲ့။ ဘာတွယ်တာမှမရှိသူပေမို့ အထီးကျန်ခြင်းဟူသည့် အဓိပ္ပါယ်ကို ကောင်းကောင်းနားလည်သူပင်။ သို့သော် ထိုအထီးကျန်ခြင်းကိုလည်း သူ ရင်ဝယ်ပိုက်ထားဆဲ။

ဒေါက်ဒေါက်ဒေါက်
တံခါးခေါက်သံအဆုံး ဖွင့်ဝင်လာသူက ဝတ်စုံပြည့်အနက်ရောင်ဝတ်ထားသည့် လူတစ်ယောက်။ ထိုလူက ဂုဏ်ရည်ထွဋ်ခေါင်နဲ့တော့ အသက်သိပ်မကွာဟန်။

"ဘာကိစ္စလဲ မင်းထိုက်" ဖိုင်တွဲကိုအကြည့်မပျက်ဘဲ မေးလာသော ဂုဏ်ရည်ထွဋ်ခေါင်အား မင်းထိုက်ဆိုသူက ဦးညွှတ်ရင်း ဆိုလာသည်။

"ခနနေကျရင် ဦးနေရောင်ရဲ့အိမ်သွားမှာမဟုတ်လားခင်ဗျ"
မင်းထိုက်စကားအဆုံး ဂုဏ်ရည်ထွဋ်ခေါင် ဖိုင်တွဲကို ပိတ်ပြီး မင်းထိုက်ဆိုသူအား မော့ကြည့်လာသည်။

"အင်း သွားမယ် ပြင်ထားလိုက်တော့"
ဂုဏ်ရည်ထွဋ်ခေါင်၏စကားအဆုံး မင်းထိုက်ဆိုသူလည်း ခါးကိုညွှတ်ကိုင်းပြီး ဦးညွက်ကာ နာခံသည့်သဘောမျိုးဖြင့် ပြုမူလာသည်။ ထို့နောက် ရုံးခန်းထဲမှထွက်သွားလေသည်။

 Kiss me,Baby (Completed)Opowieści tętniące życiem. Odkryj je teraz