👀uni & zaw👀
ကျောင်းဆင်းသည်နှင့် လရောင်ပျို့ သူငယ်ချင်းတွေကိုနှုတ်ဆက်ပြီး ကားလာကြိုမည့်နေရာသို့ သွားလိုက်သည်။ ဒီနေ့ ဦးလာမကြိုဘူးဆိုတော့ စိတ်ကသိပ်မပါချင်။ အတွေးတို့က တောင်မြောက်ရောက်နေပြီး လူကလည်းစိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငိုက်စိုက်ကျကာ လမ်းလျှောက်နေလို့။ မသိရင် အားမရှိတော့သည့်လူလိုပင်။ သက်ပြင်းတို့ချနေသည်မှာလည်းအခါခါ။
ထိုစဥ်.... ရုတ်တရတ် !!
လရောင်ပျို့ လူတစ်ယောင်အား ဝင်တိုက်မိတော့သည်။ လရောင်ပျို့မှာ အတွေးတို့လွန်နေသည်မို့ ထိုလူနဲ့တိုက်မိသည်နှင့်အတူ လူကယိုင်ချင်သွားလေသည်။
"ညီ!!!ရရဲ့လား"
အသံနဲ့အတူ လရောင်၏ပခုံးနှစ်ဖတ်အား ကိုင်ထိန်းပေးလာသော ထိုလူ။ ထို့ပြင် မြေပြင်ပေါ်သို့ ပစ္စည်းတစ်ခုခုမှာလည်း တဘုန်းဘုန်းကျသွားသည့်အသံကို ကြားလိုက်ရသေးသည်။ လျင်မြန်သွားသည့်အဖြစ်အပျက်အဆုံးမှာမှ လရောင် အသိစိတ်ကပ်တော့၏။"အာ... ရ..ရပါတယ်.. တောင်းပန်ပါတယ်ဗျ ကျွန်တော် လမ်းကိုသေချာမကြည့်ဘဲလျှောက်မိလို့"
လရောင်က အရှေ့က လူအား ခေါင်းလေးငုံ့ရင်း တောင်းပန်စကားဆိုလာတော့ ထိုလူက ရပါတယ်ဟုသာပြောလာသည်။ မိမိနဲ့တော့ မျက်နှာချင်းမဆုံသေးပေမယ့် ကြမ်းပြင်ပေါ်မှာကျသွားသည့် သူ၏စာအုပ်ဖြစ်ဟန်တူသည်တို့ကို ပြန်လည်ကောက်ယူနေ၏။
လရောင်မှာလည်း သူကြောင့်ဖြစ်တာမို့မနေနိုင်မထိုင်နိုင် အတူကောက်ပေးမိသည်။
"တောင်းပန်ပါတယ်ဗျ"
စာအုပ်တို့ကိုကောက်ပေးရင်း ထပ်၍ပင်ဆိုနေမိပြန်သည်။ ထိုအခါမှ ထိုလူသည်လည်း လရောင်ပျို့ကို ကြည့်လာတော့သည်။"ရပါတယ် အကိုကသာ စာအုပ်တွေနဲ့ရှုပ်ပြီး..." ထိုလူဆက်မပြောဖြစ်။ အကြောင်းကား လရောင်၏ဖြူစင်သည့်မျက်နှာဆုံလိုက်မိသောကြောင့်ပင်။ မိမိအား မျက်လုံးဝိုင်းတို့ဖြင့် အားတုံ့အားနာကြည့်နေသော ထိုကောင်လေးကြောင့် ထိုလူမှာ အသက်ရှုပင်မှားသွားသလို။ သူ ထိုကောင်လေးကိုတွေ့တွေ့ချင်းဘယ်လိုဖြစ်သွားရတာလဲ။
VOCÊ ESTÁ LENDO
Kiss me,Baby (Completed)