~30~

2.3K 141 7
                                    


ယနေ့ကျမှ အိမ်မက်ထဲ ပျော်မွေ့ရင်း အိပ်လို့ကောင်းနေသည်မှာ ဘယ်သူ့ကြောင့်များလဲ။ အရင်ရက်တွေတုန်းကတော့ တစ်ခုခုကြောင့်စိတ်ညစ်နေရသည်မို့ သိပ်တောင်အိပ်မပျော်ခဲ့။ ယခုအခါမှာ စိတ်ကို သေချာပြင်ဆင်ထားသည်ကြောင့်ဘဲလား သို့မဟုတ် နံဘေးက လူကြီးကြောင့်ဘဲလား။

အသိစိတ်နဲ့အတူ နိုးထလာသည့် ဤမနက်ခင်းက သာယာနေသည်။ ဘေးကချစ်ရသူထံမှ တအင်းအင်းညည်းသံ မကြားခင်အထိပေါ့။

လရောင် မူမမှန်သော အခြေအနေကို သတိထားမိစဥ်မှာဘဲ ခံစားမိလိုက်တဲ့ ပူနွေးနွေးအထိတွေ့။ စုကြုံ့နေသည့်မျက်မှောင်တို့အောက် တင်းလုနီးပါးဖြစ်နေသည့် မျက်ခွံတို့၊ ခပ်စေ့စေ့ပိတ်ထားသည့်နှုတ်ခမ်းပြင်တို့မှာ အိမ်မက်ဆိုးကြောင့်ဘဲလား သို့မဟုတ် နေများမကောင်းလို့လား။

တွေးရင်း လရောင် ဦး၏နှာဖူးပြင်ကို စမ်းသပ်မိသည်။ တကယ်ဘဲ ကိုယ်တွေပူနေသည်ဘဲ။ ထိတွေ့ရသည့် အပူဓာတ်ကား မိမိ ခန္ဓာကိုယ်တလျှောက်ဘဲ စီဆင်းသွားသလိုလိုပင် ရင်ထဲ ပူလောင်လာရ၏။ ဦး နေမကောင်းဖြစ်နေပြီ။

"ဦး...ဦး~~~" လရောင် အသာနှိုးတော့ တအင်းအင်းဖြင့် ညည်းရင်း မှေးလျလျ မျက်ခွံတို့ကို အသာပင့်ကာ တုံ့ပြန်ရုံ။ နှုတ်မှ ကလေး ဟူသော ခေါ်သံကိုလည်း တိုးလျလျသာ ကြား၏။ မဖြစ် ဒီတိုင်းနေလို့မဖြစ်။ လရောင် ချက်ချင်း ထိုင်နေရာမှ ထကာ အခန်းထဲမှ အလျင်ထွက်သွားလိုက်သည်။ ထို့နောက် သိပ်မကြာ ရေအေးထည့်ထားသော ဇလုံနဲ့ လက်ကိုင်ပုဝါကို တစ်ဖတ်စီကိုင်ကာအထဲကို ပြန်ဝင်လာလေသည်။

"ဦး... ကလေး ရေပတ်တိုက်ပေးမယ်နော်" လရောင် ခွင့်တောင်းသလိုပြောနေပေမယ့် နာမကျန်းသူသည် အားလျော့သည့်နှယ် ငြင်းသလား လက်ခံသလားတောင် မသဲကွဲ။ လရောင် တုံ့ဆိုင်းမနေတော့ ရေခပ်အေးအေးဖြင့် ပူနွေးနေသည့် ဦးရဲ့နှာဖူးပြင်ပေါ် အအေးဓာတ်တို့ဖုံးလွှမ်းစေသည်။ အေးခနဲဖြစ်သွားသည်မို့လားမသိ လူက တွန့်ခနဲဖြစ်သွားပြီး သူ့ နှာဖူးပြင်ပေါ် အလုပ်ရှုပ်နေသည့် မိမိလက်အား လာရောက်ဆုပ်ကိုင်ထားသည်။ ထို့အတူ မပွင့်​သေးသော မျက်လုံးအစုံအောက် နှုတ်ဖျားမှ ခပ်ညည်းညည်းထွက်လာသည့် စကားလုံးတချို့။

 Kiss me,Baby (Completed)Where stories live. Discover now