~41~

2.4K 151 10
                                        

စူပါမားကတ်ထဲမှ ထွက်လာသော အသက်အလက်ပိုင်းအရွယ် လူတစ်ဦး။ ကားပါကင်ထဲမှာ ရပ်ထားသည့် ကားတစ်စီးထံ ခြေလှမ်း ခပ်သွက်သွက်ဖြင့် သွားလိုက်သည်။ ပုံစံက မသင်္ကာချင်စရာကောင်းလှ၏။ ထိုကားနားရောက်သည်နှင့် တံခါးအား ဖွင့်ရန် လက်ရွယ်စဉ် ရုတ်တရတ် ထိုလူ့လက်အား ဆုပ်ကိုင်ပြီး ခန္ဒာကိုယ်ကို ကားနဲ့ကပ်လိုက်သည်။ နောက်ကျောမှနေ၍ ထိုလူ့လက်ကို ချိုးကာ ဖိထားသောသူကြောင့်ထိုလူလည်း ပြုသူကို မမြင်ရ။

"ခင်ဗျား ဘာလုပ်တာလဲ" ထိုလူ အလန့်တကြားမေးသော်လည်း မင်းထိုက်ကတော့ လွှတ်မပေးဘဲ ပို၍ဖိထားသည်။

"မင်းကဒီကားပိုင်ရှင်လား" မင်းထိုက်မေးတော့ ထိုလူမှာ "ဟုတ်...ဟုတ်ပါတယ်" ဟုသာ အထစ် အထစ်ပြောနိုင်သည်။ ထိုအဖြေကြားသည်နှင့် မင်းထိုက် တစ်စုံတစ်ဦးထံ ဖုန်းဆက်လိုက်သည်။

"အဲ့လူကို ရှာတွေ့ပြီ ဘော့စ်" မင်းထိုက်၏စကားကြားသည်နှင့် အဖမ်းခံထားရသည့် လူမှာ တုန်လှုပ်နေတော့သည်။ သိပ်မကြာ မင်းထိုက်၏ဖမ်းဆီးခေါ်ဆောင်မှုနဲ့အတူ တစ်နေရာသို့ ရောက်ရှိသွားတော့သည်။

ဂိုဒေါင်ရုံတစ်ခု။ မည်းမှောင်နေသည့် ပတ်ဝန်းကျင်ပေမယ့် ကျို့တို့ကြဲတဲ အလင်းရောင်တို့ဝင်နေသည်။ ထိုထဲတွင် ထိုင်ခုံပေါ် ထိုင်နေသည့် လူတစ်ဦးမှာ ကြိုးတုတ်ခံထားရသည်မို့ လှုပ်လှုပ်ရွရွဖြစ်နေသည်။ ထို့ပြင် အဖမ်းခံထားရသည်မို့ အတော် ကြောက်လန့်နေပုံပင်။ သိပ်မကြာ ထိုလူ့နား ရောက်လာသည့် လူနှစ်ယောက်။ မမြင်ဖူးသည့် သူတွေမို့ အဖမ်းခံရသည့်လူမှာ မျက်မှောင်ကြုံ့လျက်ကြည့်နေသည်။

"မင်းတို့ ငါ့ကို ဘာလို့ ဒီခေါ်လာတာလဲ ပြီးတော့ မင်းတို့ကို ငါတစ်ခါမှ မမြင်ဖူးဘူး" အသံခပ်မာမာဖြင့် ပြောလာသော ထိုလူ့အား ဦးထွဋ်ကြည့်နေရင်းနဲ့ကို ဒေါသထွက်ချင်လာသည်။ သည့်အတူ ထိုလူ၏ပုခုံးတစ်ဖတ်အား ဖျစ်ညစ်ရင်း စကားစလာသည်။

"မင်း ငါတို့ကို မမြင်ဖူးပေမယ့် လရောင်ပျို့ကိုတော့ မြင်ဖူးမှာပေါ့" နီရဲနေသည့် မျက်ဝန်းတို့က ဒေါသထွက်နေမှန်းသိသာသည်။ ဦးထွဋ်၏စကားကို ကြားပြီး ထိုလူသည်လည်း မျက်နှာပျက်သွားသည်။ သို့ပေသိ ချက်ချင်း မူမပျက် ပြန်နေကာ တုံ့ပြန်လာပါသည်။

 Kiss me,Baby (Completed)Tempat cerita menjadi hidup. Temukan sekarang