"ဝါးးး မိုက်လိုက်တာ""ဟေ့ရောင် ငါတော့ မင်းကို အားကျနေပြီကွာ"
ဖုန်းထဲမှ ဗီဒီယိုကော်လ်ဖြင့် တစ်ယောက်တစ်ခွန်းပြောနေကြသော နွယ်နီနဲ့ သန့်ဇင်။ ရှိန်းကတော့ ဘုန်းကြီးဝတ်နဲ့မို့ gp chatထဲမှာမရှိ။ ယခုက လရောင် သူနေတဲ့အခန်းမှနေ၍ မြင်နေရသည့်ပြင်ပက ဆစ်ဒနီမြို့၏အလှကို ကြွားနေခြင်းပင်။ ထို့ကြောင့်လည်း ထိုနှစ်ယောက် တဝိုးဝိုးတဝါးဝါးဖြစ်နေသည်လေ။
"ဟက် နင့်လူကြီးရော ဘယ်မှာလဲ" နွယ်နီမေးတော့ မလှမ်းမကမ်းမှာထိုင်ပြီး စာဖတ်နေသည့် အန်နီကို တချက်လှမ်းကြည့်မိသည်။ ပြီးမှ သူတို့အား ဖြေ၏။
"သူက အလုပ်ကိစ္စရှိတယ် နေ့ခင်းလောက်ရောက်လိမ့်မယ်"
"ဟေ ဒါဆို နင်တစ်ယောက်တည်းပေါ့"
"အဲ့တာတော့မမိုက်ပါဘူးကွာ တိုင်းတပါးမှာ မင်းကို တစ်ယောက်တည်းထားတာတော့ မမိုက်ဘူး ဟေ့ရောင် တော်ကြာ တစ်ခုခုဖြစ်..."
"တော်ပါတော့ သန့်ဇင်ရာ ငါတစ်ယောက်တည်းလို့ဘယ်သူပြောလို့လဲ"
"အေ့လေ နင်ကလည်း ကာယကံရှင်ပြောတာလည်း သေချာနားမထောင်ဘူး အဲ့တာကြောင့် ဆော်မရတာ"
"အဲ့တာနဲ့ဘာဆိုင်လဲ အရူးမရဲ့"
နှစ်ယောက်သား သူ့ကို အရှေ့မှာ ထားပြီး သက်နေလိုက်ကြတာ။ ဒါတောင်အတူမရှိဘဲ ဖုန်းထဲမှာမို့ အပြင်မှာဆို လက်တွေပါ ပါကြမလားဘဲ။
"ကဲ တော်ပါပြီဟာ... ဒီမှာ နင်တို့အသံကျယ်ကျယ်နဲ့ အနားက အမကိုအားနာစရာကြီး" ပြောရင်း လရောင်မှာ အန်နီကို အားတုံ့အားနာပြုံးပြမိသည်။ အန်နီကတော့ ဘာမှမဖြစ်သလို အေးဆေးစွာပင်။
"အမ ဟုတ်လား ဘယ်သူလဲငါတို့ကိုမိတ်ဆက်ပေးဦးလေ"
အမဆိုတာနဲ့ ချက်ချင်းကို အခွက်ပြောင်းသွားသော မောင်သန့်ဇင်အား တစ်ဘက်မှ နွယ်နီမှာ နှာဘူး ဘာညာဖြင့် စုံစလိဆဲနေတော့သည်။ လရောင်မှာလည်း မြန်မာပြည်က ကိုယ့်သူငယ်ချင်းတွေကို တိုင်းတပါးက အနောက်နိုင်ငံသူနဲ့မိတ်တော့ဆက်ပေးချင်သည်။ အနည်းဆုံးတော့ နိုင်ငံခြားသားနဲ့ စကားပြောဖူးတယ်ဟ ဆိုပြီး လေကြွယ်လို့ရတာပေါ့။
YOU ARE READING
Kiss me,Baby (Completed)