~29~

2.1K 130 6
                                        


"မင်းတို့ပြောတော့ ဘာပြဿနာမှမရှိဘူးဆို ဒါက ဘယ်လိုဖြစ်ရတာလဲ"

ဘုတ်အဖွဲ့ဝင်လူကြီးတစ်ဦးမှာ ဒေါသမျက်ဝန်းတို့ဖြင့် လမင်းသူရတို့သားအဖနှစ်ဦးကို ကြည့်ကာမေးနေသည်။ ဘေးမှ အဖွဲ့ဝင်တချို့သည်လည်း ထိုနည်းတူစွာ။ ဦးနေမင်းသူရကတော့ ခပ်ပျက်ပျက်မျက်နှာဖြင့် ငြိမ်သက်နေသည်။ လမင်းသည်လည်း ထိုလူကြီးပြလာသည့် ဖိုင်တစ်ခုကို ကြည့်ရင်း ရှင်းပြရန်သာ ခေါင်းထဲ ကြိုးစားနေ၏။

"Diamond Construction ဘက်သာ သြစီအခြေစိုက် စက်ရုံကပေါင်းသွားရင် နောက်လာမယ့်စီမံကိန်းမှာ ဘယ်သူသာမလဲ အသိသာကြီး အဲ့လိုဆို ငါတို့ဘုတ်အနေနဲ့လည်း မင်းတို့ကို မကာကွယ်နိုင်တဲ့အပြင် ငါတို့နေရာတောင်ပျောက်သွားနိုင်တယ် မင်းတို့သိလား"

"ကျွန်မသိပါတယ် အဲ့တာကြောင့်လည်း ကျွန်မတို့ဘက်မှာ လူကြီးမင်းတို့ကိုရှိစေချင်တာ ပြီးတော့ ကျွန်မ တို့မှာအစီစဥ်လည်း ရှိပါသေးတယ်"

လမင်း ပြောလိုက်တော့မှ ဘုတ်အဖွဲ့လူကြီးတွေလည်း ငြိမ်သွား၏။ လမင်းကတော့ ဖခင်ဖြစ်သူကို စိတ်မပူပါနဲ့ ဟူသည့်သဘောဖြင့် ပြုံးပြ၏။

အနာရနေတဲ့ကျားဆိုပြီး အထင်မသေးနဲ့ သူ့မှာလည်း ဖွက်ထားတဲ့ အစွယ်ဆိုတာ ရှိတယ်။

>>>>>

ဒုတိယနှစ်ဝက် ကျောင်းတွေပြန်ဖွင့်လာပြန်တော့ ကျောင်းပိတ်ရက် နားလိုက်ရသည့်သူတွေအဖို့ အပျင်းဓာတ်တွေ များပြီး သင်ထားပြီးသားစာတွေတောင် မေ့တေ့တေ့။ ယခုလည်း ကျောင်းစတက်ရက်မှာ တချို့စာသင်ခန်းတွေထဲ ကျောင်းသားတွေပင် သိပ်မရှိသေး။ ထိုရက်ဆို စည်းကားသည့်နေရာက ကျောင်း၏ကန်တင်းပင်။

"ရှိန်း မင်း ဆံပင်ကေကမိုက်သားကွ ဘယ်မှာညှပ်လိုက်တာလဲ" တွေ့တွေ့ချင်း ဆောက်နဲ့ထိုးသည်ဆိုတာ ဒါကိုပြောတာ။ ရှိန်းတစ်ယောက် အမြင်ကတ်ကတ်ဖြင့် ကြည့်ရင်း ဘုတောတောလိုက်သည်။

"မင်း အဲ့လောက်သဘောကျရင် ဆိုင်ရှင်ဆီက ဓားသွားတောင်းလိုက် ငါကိုယ်တိုင် တုံးပေးမယ်" ရှိန်းစကားကြောင့် တစ်ဝိုင်းလုံး ဟားခနဲ​ဖြစ်သွားသည်။ မတွေ့တာကြာသည့်သူတွေမို့ ရှိန်း၊ လရောင်၊ သန့်ဇင်နဲ့ နွယ်နီတို့ ပြောမဆုံးနိုင်သည့် စကားတွေဖြင့် အတန်းချိန်တွေလည်း ဖြုန်းဖြစ်ကြတော့သည်။

 Kiss me,Baby (Completed)Where stories live. Discover now