~17~

2.9K 214 19
                                        


"ဒီမှာ ခင်ဗျား ကျွန်တော်မွေးနေ့ကို ဘယ်လိုဘဲသိသိ ကျွန်တော်ဂရုမစိုက်ဘူး အခု လာရာလမ်းအတိုင်းပြန်တော့"

သူငယ်ချင်းတွေရှိတဲ့နေရာ ခပ်လှမ်းလှမ်းမှာဘဲ ရှိန်း မြတ်မင်းကိုမောင်းထုတ်နေမိသည်။ ဟုတ်သည်လေ သူနဲ့မိမိက ရင်းနှီးတာလည်းမဟုတ်ဘဲ အခုလိုသူငယ်ချင်းတွေအရှေ့ ရုတ်တရတ်ရောက်လာတာချည်းက ရှိန်းအတွက်တကယ့်ကိုအနေရခတ်စေသည်။

"အိုဟိုးးး မွေ့နေ့ရှင်က အတင်းတွေနှင်လွှတ်နေပါလား"

"အဟက်. နှင်လွှတ်တော့ဘာဖြစ်လဲ.. ဘာလဲ ခင်ဗျားက မိန်းကလေးတွေကို ကစားလို့အားမရလို့ ကျွန်တော့ကိုပါ လာကစားနေတာလား"

ရှိန်း၏ဆိုလိုရင်းကိုနားလည်လိုက်သောမြတ်မင်းတစ်ယောက် စိတ်ထဲရယ်ချင်စိတ်ဖြစ်သွားလေသည်။ ဒီကောင်လေး ထိုသို့တွေးတတ်တယ်ပေါ့။ ထိုအတွေးနဲ့အတူ မြတ်မင်း ခါးကို ရှိန်းအရှေ့ အနည်းငယ်ကိုင်းလိုက်သည်။ ထိုအပြုအမူကြောင့် ရှိန်းနဲ့သူ့မျက်နှာက နီးကပ်လာလို့။

"မင်းကအဲ့လိုထင်တယ်ဆိုတော့ မင်း အခု ကိုယ်နဲ့လိုက်ခဲ့ရမယ်"

"ဘာဆိုင်လို့ လိုက်ရမှာလဲ မလိုက်ဘူး"
ရှိန်းကပြောလည်းပြော ဒေါသတကြီးဖြင့် မြတ်မင်းနားမှ ထွက်ဟန်ပြင်ပေမယ့်....

"မင်းမလိုက်ရင် မင်း တီလေးကိုဘဲ သွားခေါ်လိုက်ရမလား"

"ဘာ!!"
မြတ်မင်းစကားကြောင့် ရှိန်း ပိုလို့ပင်ဒေါသထွက်သွားသလို မြတ်မင်း၏ကော်လံကိုလည်းဆောင့်ဆွဲလိုက်သေးသည်။

"ခင်ဗျား ဘာစကားပြောလိုက်တာလဲ"
မျက်မှောင်ကြုံ့ရင်း နီမြန်းသွားသည့် မျက်လုံးတို့နဲ့ ရှိန်းပုံစံဟာ တကယ့်ကို ဒေါသဖြစ်နေဟန်။ ဤသည်ကိုဘဲ သဘောကျနေသည်က မြတ်မင်းပင်။ သို့ပေမယ့် ရှိန်းစိတ်ဆိုးသွားသည်ကို ဂရုမစိုက်ဟန်ပြရင်း နှုတ်ခမ်းတို့ကို တွန့်ကွေးရုံပြုလာသည်။ ထို့အတူ မိမိကော်လံစကို လာကိုင်ထားသည့် ထိုချာတိတ်၏လက်အား အသာဆုပ်ကိုင်လိုက်သေး၏။

"တကယ်လို့ မင်းသာ ကိုယ်နဲ့လိုက်မယ်ဆိုရင် မင်းတီလေးကို မင်းပြောသလို မကစားတော့ဘူးလေ ဘယ်လိုလဲ"

 Kiss me,Baby (Completed)Where stories live. Discover now