~3~

7.3K 472 13
                                        


👀uni & zaw👀

"ဘယ်လိုလဲ ညစာစားရတာအဆင်ပြေရဲ့လား"
ဦးထွဋ်က ညစာစားပြီးသည်နှင့် လရောင်ပျို့နဲ့အတူ ခြံထဲက ခုံဝိုင်းမှာထိုင်ရင်း မေးလာသည်။ လရောင်ပျို့လေးကတော့ သွားစွယ်လေးနှစ်ချောင်းပေါ်လာသည်အထိပြုံးရင်း ဆိုလာပါသည်။

"ပြေတာပေါ့ ဦးထွဋ်ရဲ့ ကျွန်တော် တခါမှ အဲ့လို ထမင်းစားဝိုင်းကြီးနဲ့မစားဖူးဘူး ဦးထွဋ်ကိုကျေးဇူးတင်ပါတယ်....ဖေကြီးသာ ရှိနေရင် ဘယ်လောက်ကောင်းမလဲ"

လရောင်ပျို့မှာ ပြုံးရယ်ကာပြောနေရင်း မျက်နှာလေးကစိတ်မကောင်းဟန်ဖြစ်သွားသည်။ ဂုဏ်ရည်မှာ ကလေးငယ်ထိုသို့ဖြစ်သွားတော့ စိတ်တော့မကောင်းဖြစ်ရသည်။

"ကလေး...."

"ဗျာ"

ပြန်ထူးသံလေးက သိပ်ကိုနူးညံ့သည်။ ဂုဏ်ရည်သည်လည်း ကလေး၏လက်ဖဝါးသေးသေးလေးအား ဆုပ်ကိုင်လာရင်း အပြုံးတို့ဖြင့်ဆိုလာပါသည်။

"ကလေးအဖေမရှိတော့လို့ဘာမှစိတ်မကောင်းဖြစ်မနေပါနဲ့တော့ ကိုယ်နားလည်ပါတယ် ချစ်ရတဲ့သူကိုဆုံးရှုံးလိုက်ရရင်ဘယ်လိုခံစားရမလဲဆိုတာ ဒါပေမယ့် ဒီခံစားချက်ကြီးကို အချိန်ပြည့်ရင်ဝယ်ပိုက်ထားရင် ရှင်ကျန်နေတဲ့သူဘဲပင်ပန်းတယ် ပြီးတော့ ကလေးရဲ့အဖေသာ ကလေးအခုလိုခံစားနေတာကိုမြင်ရင် သူလည်းစိတ်မကောင်းဖြစ်နေမှာ အဲ့တာကြောင့် အတိတ်ကိုအတိတ်မှာထားခဲ့ပြီး ရှေ့ဆက်ရမယ့်အနာဂတ်လမ်းကို ကိုယ်ချစ်ရတဲ့သူတွေအတွက် ပိုပြီးကြိုးစားလျှောက်လှမ်းလိုက်ပါ ကလေး"

ရင့်ကျက်တဲ့သူ၏ပြောလာသည့်စကားရယ်မို့လားမသိ ဦးထွဋ်၏စကားတစ်ခွန်းဆီတိုင်းက လရောင်ပျို့အတွက် သိပ်ကိုလေးနက်လွန်းသည်။ အားကိုးချင်လောက်အောင် လရောင်ပျို့အပေါ်ကောင်းမွန်လွန်းလှပါသော ထိုလူကြီး။

"ကျွန်တော့ကိုအားပေးလို့ကျေးဇူးတင်ပါတယ် ဦးထွဋ်"

ကောင်းကင်ပေါ်မှာတောက်ပနေသည့်လမင်းထက်တောင် ဖြူစင်လွန်းသည့် ကလေးငယ်၏အပြုံးဟာ ဂုဏ်ရည်ထွဋ်ခေါင်ဆိုသည့် ထိုလူသား၏နှလုံးအိမ်အား ကိုင်လှုပ်သွားလိုက်တာများ ထိုလူသားတောင်မသိလိုက်။ သို့ပေသိ သူ၏နှလုံးသားတစ်စုံကတော့ ထိုကလေးငယ်၏ ခြေရင်းထက်ခစားမိနေပြီ။

 Kiss me,Baby (Completed)Where stories live. Discover now