~28~

2.1K 138 3
                                        


ချည်ထိုးဦးထုတ်ကိုဆောင်း၊ တီရှပ်အဖြူကိုဝတ်ထားပြီး အောက်က ကွာတာဘောင်းဘီနဲ့ ရှိန်းပုံစံက တမျိုးတဖုံ ကြည့်ကောင်းနေသည်။ယနေ့လည်း ထုံးစံအတိုင်း ဆိုင်မှာဘဲ သူ့နေ့ရက်ကို ကုန်စေသည်။ ဘုန်းကြီးလူထွက်တုန်းကဆို ဆိုင်မှာတာဝန်ကျတာနဲ့ဆုံချိန် တသက်လုံးဘုန်းကြီးဝတ်လိုက်ရင်​ကောင်းသား ဟူသည့်အတွေး တွေးမိဆဲ။ ယခုလည်းကြည့် တီလေးလည်းမရှိ အဖေတို့ကလည်း အလှူတစ်ခုသွားသည်မို့ ရှိန်းရယ် ဆိုင်က ဝန်ထမ်းနှစ်ယောက်ရယ်သာ ရှိသည်။ တော်သေးသည်က ပင်တိုင်စားဖိုမှူး ဦးလေးကြီးကြောင့် အချက်အပြုတ်ကိစ္စဝင်ပါစရာမလိုတာ။ ဒါတောင် ဒီနေ့ကျ မတရားစွာ လူကျနေလေရဲ့။

"ချာတိတ်... " အလုပ်တွေရှုပ်နေလို့ ဟိုလူဝင်လာတာကိုတောင်မသိသည်မို့ အနားထိရောက်လာပြီး နားကန့်လန့်တိုက်တဲ့ခေါ်သံကြီးကြောင့် လေပူတချက်သာမှုတ်ထုတ်မိသည်။ ဒီလူနဲ့တော့ ရလာတဲ့ကုသိုလ်တွေပါပျက်မှာ။

"ရောက်လာပြန်ပြီလား အကိုမြတ်မင်းသူရ" သူ့နာမည်ကို ပြည့်ပြည့်စုံစုံခေါ်ပြီး ခပ်ရွဲ့ရွဲ့ဆိုတော့ မိမိကို ပြုံးဖြီးဖြီးကြည့်နေသေး၏။

"ဘာလဲ လာလို့မရဘူးလား"

မျက်ခုံးတစ်ဖတ်ပင့် အပိုးမကျိုးလှသည့်မျက်နှာထားဖြင့် ပြောနေပုံမှာ မြင်ပြင်းကတ်စရာ။ စိတ်ထိန်း ရှိန်း...စိတ်ထိန်း

"ဒီမှာ ခင်ဗျား...အယ် အကိုမြတ်မင်းသူရဘာသာ့ လာချင်လာ မလာချင်နေ ကျွန်တော် အခု အလုပ်ရှုပ်နေတဲ့အတွက် အနှောင့်ယှက်ပါနဲ့"
ပြောလည်းပြော ကောင်တာဘက်သို့ခပ်သုတ်သုတ်ထွက်သွားသည်။ မြတ်မင်းမှာ ရှုံ့ရှုံ့မဲ့မဲ့ဖြစ်နေသည့် ထိုကောင်လေးကိုပင် သဘောတကျဖြစ်နေတာမဆန်း။

"ဒီမှာခင်ဗျ " မြတ်မင်း ရှိန်း ထံအကြည့်ရောက်တုန်း အနားက စားသုံးသူဝိုင်းမှ လူတစ်ဦးသည် မှာယူရန် လှမ်းခေါ်တော့ စေတနာ ဗရပွ ဖြစ်နေသူ မြတ်မင်းတစ်ယောက် ထိုနေရာသို့ လှစ်ခနဲရောက်သွားလေသည်။ ဆိုင်ရှင်ဖြစ်တဲ့ ရှိန်းတောင် သူ့ကို ထူးထူးဆန်းဆန်း ကြည့်မိ၏။

"ဘာများသုံးဆောင်မလဲခင်ဗျ"

"ခေါက်ဆွဲကြော်တစ်ပွဲနဲ့ cokeတစ်ဘူး ချပေးပါ"

 Kiss me,Baby (Completed)Tempat di mana cerita hidup. Terokai sekarang