"မမ!!""အေး ဟုတ်တယ် ငါဘဲ..."
"မမ ဘယ်လိုဖြစ်လို့"
မြတ်မင်း မေးသော်လည်း လမင်းက ဘာမှမဖြေသေးဘဲ အထဲအရင်ဝင်လာသည်။ ထို့နောက် အခြေအနေကို အကဲခတ်ကြည့်တော့ ဧည့်ခန်းဆိုဖာပေါ်မှာထိုင်နေသည့် ကောင်လေးတစ်ဦးကို တွေ့ရ၏။ ထိုကောင်လေးကိုမြင်သည်နှင့် လမင်း မျက်မှောင်ကြုံ့ကာ အလိုမကျဖြစ်သွားသည်။"ငါနဲ့အဖေက နင် အိမ်ပြန်မလာလို့ စိတ်ပူနေလိုက်ရတာ ဖုန်းဆက်တော့လည်းမကိုင်ဘူး... အဟက် နင်ကတော့ ဒီမှာ သာသာယာယာဘဲနော်"
သူမပြောနေသည့် စကားက ဘယ်အထိရောက်သွားသည်လဲဆိုတာ ရှိန်းပင်မတွေးတတ်။ မြတ်မင်းမှာတော့ ကိုယ့်အမအကြောင်းသိသည်မို့ အခြေအနေမဆိုးအောင် ထိန်းရန်သာ ကြိုးစားမိသည်။
"အမထင်သလိုမဟုတ်ဘူး သူက မ ပန်းဝတ်ရည်ရဲ့တူလေး။ ကျွန်တော့်ဆီ ခနလာလည်တာ"
မောင်ဖြစ်သူစကားကိုကြားတော့ လမင်း မျက်ခုံးပင့်မိပြီး နှုတ်ခမ်းတစ်ဖတ်ကိုလည်းတွန့်ကွေးရုံပြုံးသည်။
"အော် လက်စသက်တော့ အမပန်းဝတ်ရည်ရဲ့တူကိုး... ဘာလဲ ငါ့မောင်ကို အဒေါ်ဖြစ်သူက မရလို့ တူက လာအပိုင်ကြံချင်တာလား"
"မမ!! ဘာတွေလျှောက်ပြောနေတာလဲ" ဤမောင်နှမနှစ်ယောက်ကြား ဘယ်လိုရောက်သွားရလဲဆိုတာပင် ရှိန်းမသိတော့။ လမင်းသူရ ပြောစကားတွေမှာ စည်းဘောင်ကျော်နေတာသိပေမယ့် ရှိန်း မတုံ့ပြန်မိ။ အူကြောင်ကြောင်နဲ့သာ နားထောင်နေမိသည်။ ဒေါသထွက်ပြီး ပြန်အော်ပြောရအောင်လည်း သူမစွတ်စွဲနေတာအမှန်မှမဟုတ်ဘဲ။ ရှိန်းကသာ နေနိုင်တာ မြတ်မင်းကတော့ ဒေါသတကြီး တုံ့ပြန်လေရဲ့။
"ငါ ဘာတွေလျှောက်ပြောရမှာလဲ မင်းတို့နှစ်ယောက် အခြေအနေကို ကြည့်တာနဲ့ သွေးရိုးသားရိုးမဟုတ်မှန်းငါသိတယ် မြတ်မင်း... ငါမပြောချင်လို့သာ အစက မင်းနဲ့အမပန်းဝတ်ရည် မရိုးမသားဖြစ်နေတယ်ဘဲထင်တာ သူနဲ့သိပ်သဘောမတူချင်ပေမယ့် ဒီကိစ္စကို နောက်မှဆုံးဖြတ်ဖို့ တွေးထားခဲ့သေးတာ အခုတော့ နင်က ဒီလိုယောက်ျားတစ်ယောက်နဲ့ပေါ့လေ... မြတ်မင်း နင်က ငါ့မောင်နော် ဦးနေမင်းသူရရဲ့ အမွေဆက်ခံရမယ့်သား အခုလို အရှက်မရှိလုပ်ရပ်မျိုး နင်မလုပ်သင့်ဘူး ဂုဏ်ရည်ထွဋ်ခေါင် အနားနီးပြီး အောက်တန်းကျတာတွေချည်း နင်မလုပ်နဲ့!!"
YOU ARE READING
Kiss me,Baby (Completed)