~37~

2K 146 7
                                    

 သတင်းစာရှင်းလင်းပွဲလာရောက်ကြသည့် မီဒီယာသမားတွေ လုပ်ငန်းရှင် လူကြီးတွေ မရှိတော့။ သားအဖနှစ်ဦးမှာ သူတို့နားမလည်သည့်အခြေအနေအား ဖြေရှင်းရန် မြန်မာပြည်ကိုရောက်နေပြီဖြစ်သော Mr.ချာလီနဲ့ ရုံးခန်းတစ်ခုတွင် သီးသန့်တွေ့ဆုံနေပြီဖြစ်သည်။ အခြေအနေကတော့ သိပ်ကိုတင်းမာနေဟန်။

"ကျွန်မတို့ ဒီကိစ္စကို လုံးဝလက်မခံနိုင်ဘူး ကျွန်မတို့ဘက်က ဘာအလွဲသုံးစားတွေများလုပ်ထားလို့လဲ သက်သေရှိလို့လား Mr.ချာလီ"

လမင်း မကျေနပ်စွာပြောနေသည်ကို ဝှီချဲပေါ်မှာ ထိုင်နေသည့်Mr.ချာလီဆိုသည့်လူမှာ အေးဆေးစွာပင် တုံ့ပြန်လာသည်။

"မင်းတို့ သက်သေလိုအပ်ရင် ပြပေးရမှာပေါ့... ဒီမှာ ကြည့်" ပြောရင်း Mr.ချာလီမှာ ထိုသားအဖနှစ်ယောက်အရှေ့ ဖိုင်တွဲတစ်တွဲ ချပြလာသည်။ လမင်းမှာ ထိုဖိုင်ကို မယုံသင်္ကာကြည့်တော့ တွေ့ရသည့် စာရင်းအင်းများက သူမအား မျက်နှာပျက်သွားစေသည်။ သမီးဖြစ်သူ၏မျက်နှာအရိပ်အကဲကို သိသော ဦးနေမင်းသူရကိုယ်တိုင်လည်း အတော့်ကို စိတ်ညစ်သွားဟန်။

"ဘယ်လိုလဲ ကိုယ့်အခြေအနေကို သိပြီလား ငါနဲ့အလုပ်တွဲလုပ်တည်းက မင်းတို့ ဒီလိုတွေ အလွဲသုံးစားလုပ်ထားတာ ဘယ်လောက်တောင်ရှိလဲဆိုတာ စာရင်းမှာတောင်မဖော်ပြနိုင်ဘူး ဆိုက်တစ်ခုမှာလိုတဲ့ အခကြေးထက် ပိုပြီး သုံးထားတာကို ငါက မသိရအောင် ငတုံးလို့များထင်နေလား။ အစကတော့ မပြောတော့ဘဲ ဒီတိုင်းကျော်သွားမို့ပါဘဲ ဒါပေမယ့် အခု ကျော်စရာမလိုအောင် အသုံးချခွင့်လေးရှိသွားတာကတော့ မင်းတို့ထိုက်နဲ့မင်းတို့ကံဘဲ"

"ချာလီ ငါ တောင်းပန်ပါတယ်ကွာ အခုကိစ္စကို ငါတို့ညှိနှိုင်းလို့ရပါတယ်" သွေးရူးသွေးတန်းဖြစ်သွားသော ဖခင်ဖြစ်သူအား လမင်း ဘာမှမပြောတော့ ကျောက်ရုပ်ကြီးအတိုင်းသာ ရပ်နေမိသည်။ အတွေးထဲမှာတော့ မကျေနပ်ချက်တွေ တစီတတန်း ဝင်ရောက်နေတာ ကိုယ်တိုင်သာအသိဆုံးပေ။

"မရတော့ဘူး နောက်ကျသွားပြီ .... ဒါပေမယ့် ကိစ္စတော့မရှိပါဘူး မင်းရဲ့သား မြတ်မင်းသူရကိုတော့ သူနဲ့သင့်တော်တဲ့နေရာကို ပေးထားပါတယ်"

 Kiss me,Baby (Completed)Where stories live. Discover now