~20~

2.7K 151 6
                                    

ရန်ကုန်နည်းပညာတက္ကသိုလ်၏ စာသင်ဆောင်များအတွင်း ဝင်ထွက်သွားလာနေကြသော ကျောင်းသားကျောင်းသူများမှာ အလျှိုလျှို။ ပထမဆုံးဖြေရသော ဘာသာမို့ တချို့တွေအတွက်ကတော့ အခတ်အခဲမရှိပေမယ့် တချို့အတွက်ကတော့ မှိုင်တွေစရာပေ။ သို့ပေသိ တက္ကသိုလ်ကျောင်းသားရယ်လို့ ဖြစ်လာပြီဆိုသည်နှင့် ဤကား ရေကြီးခွင်ကျယ်တော့ မဟုတ်ပါ။

"ဘယ်လိုလဲ ဖြေနိုင်ကြလား"

အခန်းထဲမှ ကျန်တဲ့သူတွေထက် စောစီးစွာ အရင်ထွက်လာသော ရှိန်းမှာ နောက်မှ အလှိိျုလျှိုထွက်လာသည့် သူငယ်ချင်းတွေအား သူဖြေနိုင်သည့်ပုံစံနှင့် ခပ်ကြွကြွမေးနေလေသည်။

"အေး မဆိုးပါဘူး မေးခွန်းတွေက သိပ်တော့မခတ်ဘူး"

"အင်းဟ ငါလည်း အစက နည်းနည်းတော့စိတ်လှုပ်ရှားနေတာ" လရောင်၏စကားကိုထပ်တူ တုံ့ပြန်နေသော နွယ်နီ။ သန့်ဇင်တစ်ဦးတည်းသာ ပြီတီတီမျက်နှာထားဖြင့်။

" ဘာလဲ နင် မဖြေနိုင်လို့လား" နွယ်နီကမေးတော့ သန့်ဇင် နွားပွဲစားလို သွားဖြီးပြမိသည်။ သူငယ်ချင်းဖြစ်သူတွေမှာတော့ ဂိမ်းအဆော့မက်တဲ့ သန့်ဇင်အကြောင်းသိနေကြပြီးမို့ ဘာမှပြောမနေတော့ဘဲ ခေါင်းသာရမ်းမိတော့သည်။

"ဟေး ချာတိတ်..." လေးယောက်သား မျက်နှာချင်းဆိုင် စကားဆုံနေတုန်း ခေါ်သံကျယ်ကျယ်ကြောင့် အသံလာရာကို ပြိုင်တူကြည့်မိကြ၏။ တွေ့ရသူက တောက်ပနေသည့်မျက်နှာ ဝတ်စုံပြည့်နဲ့ လူ။ အတိအကျဆိုရပါက မြတ်မင်းသူရပင်ဖြစ်၏။

"ခင်ဗျား!!" ရှိန်းမှာ မြင်မြင်ချင်းမို့ သဘောမကျဟန်ပုံဖြင့်ပင် တုံ့ပြန်မိ၏။ စိတ်ထဲမှာတော့ ကျေနပ်နေသလားဆိုတာ မရေရာမသေချာ မြတ်မင်းမှာတော့ တွေ့ချင်နေတဲ့သူဆီ ခြေလှမ်းကျယ်တို့နဲ့ လျှောက်လာလို့။

"ခင်ဗျား ဒီကို ဘာလာလုပ်ပြန်တာလဲ" ရှိန်း မျက်မှောင်ကြုံ့ကာ မေးမိပေမယ့် မြတ်မင်းတို့ကတော့ ဂရုမစိုက်စွာ ပြီတီတီမျက်နှာပေးဖြင့် ရှိန်းကိုကြည့်ရင်း ဘေးက လရောင်တို့ကိုပါ အာရုံစိုက်လို်က်သေး၏။

 Kiss me,Baby (Completed)Donde viven las historias. Descúbrelo ahora