👀uni & zaw👀
ဒီနေ့တနေ့ခင်းလုံး ဦးထွဋ်နဲ့အတူနှစ်ယောက်တည်း လည်ပတ်ခွင့်ရခဲ့သည်မို့ လရောင်ပျို့တစ်ယောက် ပျော်ရွှင်နေရသည်။ စူပါမားကတ်မှာလည်း လိုချင်တာထက်ပိုဝယ်ပေးသည့်အပြင် စားသောက်ဆိုင်ကောင်းကောင်းတွေမှာလည်း လိုက်ကျွေးသေးသည်။ မစားဖူးတဲ့အစားစာမို့လရောင်ပျို့မှာ ဝမ်းသာအားရ စားသောက်ဖြစ်သည်။
"ကလေး ဘာစားချင်သေးလဲ"
ဟော့ပေါ့ဆိုင်မှာဝယ်ကျွေးပြီးရုံမက ပီဇာဆိုင်ပါ သွားပြီးပြီကို ထပ်မေးလာပါသော ဦးထွဋ်။ လရောင်ပျို့ စားကောင်းကောင်းနဲ့စားတာ အခုလိုအများကြီးကုန်ကျသွားတော့ အားတောင်နာမိသည်။"တော်ပါပြီဗျ ခုတောင် တော်တော်များနေတာကို"
"ဒီလောက်ကသိပ်မများသေးပါဘူး ကလေးသာ လိုချင်ရင် တတိုက်လုံးကိုဝယ်ပေးမယ်"
ဦးထွဋ်စကားကြောင့်လရောင်ပျို့ မျက်လုံးပင်ပြူးမိသည်။ ထိုလူကြီးကတော့ လရောင်ပျို့လိုချင်တာပြောအကုန်ဖြစ်စေရမယ် ဟူသည့်သဘောမျိုး။
"အခုလောက်နဲ့တင် များနေပါပြီ ဦးထွဋ် ကျွန်တော့ကိုအဲ့လောက်ကြီးအလိုမလိုက်ပါနဲ့ဗျာ"
ကလေးကပြောနေရင်း ခေါင်းလေးတောင်ငုံ့သွားသည်။ ထိုကလေးရှက်တာလားအားနာတာလားမသိ။ ဂုဏ်ရည်မှာတော့ထိုသို့မြင်ရသဖြင့် ပြုံးမိသည်။
"ကလေးအတွက်သာဆို အလိုလိုက်ပေးရုံမကဒီ့ထက်ပိုဖြည့်ဆည်းပေးချင်တာ"
ဂုဏ်ရည်ကပြောရင်း လရောင်လေး၏ခေါင်းလုံးလုံးလေးကိုပါခပ်ဖွဖွပုတ်လာတော့ လရောင်ပျို့မှာ မျက်လုံးအဝိုင်းသားဖြင့်ပင် မော့ကြည့်မိသည်။ ပို၍ပင်ချစ်ဖို့ကောင်းလှပါဘိ ကလေးရယ်။"ဦးကဘာလို့ ကျွန်တော့အပေါ်အရမ်းကောင်းရတာလဲဟင်"
ဝိုင်းစက်လွန်းသည့်မျက်ဝန်းလေးက တကယ့်ကိုဘာမှနားမလည်သည့်ကလေးသဖွယ်။ ဂုဏ်ရည်မှာတော့ အသည်းယားလာမိသည်ကြောင့် ပါးဖောင်းဖောင်းလေးကိုအသာဖျစ်ညစ်ရင်း ဆိုလာပါသည်။
"မင်းလေးကအရမ်းကိုချစ်ဖို့ကောင်းနေလို့လေ"
ထိုသို့ဖြေလိုက်ပြန်တော့လည်း လရောင်ပျို့မှာ ရှက်သွားသည်ကြောင့် ပါးလေးကပို၍ပင်ရဲလာပြီး ခေါင်းလုံးလုံးလေးကလည်း ငုံ့ထားလိုက်သေးသည်။ အောက်နှုတ်ခမ်းပါးလေးကိုအသာဖိကိုက်ထားသည်ကိုတော့ ဦးထွဋ် မြင်လိုက်မည်မဟုတ်ပါ။
ŞİMDİ OKUDUĞUN
Kiss me,Baby (Completed)