~27~

2K 132 7
                                        

ဓာတ်ပုံထဲက ၆နှစ်အရွယ်ကောင်လေးနဲ့ ၁၂နှစ်အရွယ်ကောင်လေးတို့၏ ချစ်စရာကောင်းသောအသွင်အပြင်။  ဤပုံသည် လွန်ခဲ့သော ၁၂ နှစ် လရောင်ပျို့၏၆နှစ်အရွယ်တုန်းကပင်။ ထိုထဲမှ ကိုကြီးက....

"ဒါ ကိုကြီးခန့်ဘဲ ပြီးတော့ ဒီအရုပ်က ငါ့အရုပ်လေး...ဒါက ဘယ်လိုဖြစ်ပြီး ဒီကို"
လရောင် ထိုပစ္စည်းများကိုကြည့်ရင်း နားမလည်တော့။ တကယ်ဘဲ ဒါတွေက...

လရောင် ပစ္စည်းရော အိတ်ရောပါယူပြီး အောက်ထပ်သို့ ချက်ချင်းဆင်းလိုက်သည်။ ထို့နောက် အသံကျယ်ဖြင့် "ကြီးမေ ကြီးမေ...မအေးမိ မပိုးဥ" အိမ်က လူတွေတစ်ယောက်ချင်းကို ခေါ်တော့ အသီးသီးထွက်လာကြသည်။

"လရောင်လေး ဘာဖြစ်လို့လဲကွယ့်"
"ကြီးမေ ဒီပစ္စည်းတွေကို ဘယ်သူလာထားသွားတာလဲ" လရောင် အိတ်ကိုမြှောက်ပြတော့ ကြီးမေရော အေးမိတို့ပါ ဟိုဟိုဒီဒီဖြင့် မမှတ်မိသလို စဥ်းစားနေသည်။ ခနနေမှ ပိုးဥသတိရသွားတော့၏။

"အကိုလေး အဲ့တာ ပိုးဥ ထားခဲ့တာ... ဟို...အကိုလေးတို့ အော်စလေးယားသွားတုန်းက အကိုလေးသူငယ်ချင်းလားမသိ အကိုတစ်ယောက်လာပြီး ပေးသွားတာ"

"သူငယ်ချင်း ဟုတ်လား... ဘယ်သူတဲ့လဲ"

"ဟို..ကို..ဟို.." ဟိုလိုလိုဒီလိုလိုလုပ်နေသော မပိုးဥကို လရောင် စိတ်မရှည်ချင်တော့။ ယခုကိစ္စက သူ့အတွက် အရေးကြီးနေသည်လေ။

"မပိုးဥ... ပြောပါဗျ နာမည်ကဘာတဲ့လဲ"

"အေ့လေ ပိုးဥရယ် ပြောလိုက်လေ နာမည် ညည်းကလည်း တဟိုဟိုနဲ့" ကြီးမေပါ စိတ်မရှည်စွာဝင်ပြောသည်။

"သူပြောတော့ပြောလိုက်တယ် နာမည် မေ့သွားလို့ ကြီးမေရဲ့" ထိုသို့ဆိုလာတော့ လရောင် ဘာပြောရမှန်းမသိတော့။ တကယ်ဘဲ ဒီပစ္စည်းပိုင်ရှင်က ဘယ်သူလဲ ပြီးတော့ ဒီအိမ်ထိ လာပေးတယ် ကိုကြီးခန့်.... တကယ်ဘဲ ကိုကြီးခန့်လား။

လွန်ခဲ့သော ၁၂ နှစ်>>>

ဒူးပုဆစ်တုပ်လေးထိုင်ရင်း မြေကြီးပေါ်ကို တုတ်ချောင်းငယ်ဖြင့် အိမ်သေးသေးလေးပုံကိုဆွဲနေသော ၆နှစ်အရွယ်ကလေးငယ်။ ဖြူဖြူသေးသေးလုံးလုံးနဲ့ နီတာရဲလေးဖြစ်နေသည့် ထိုကလေးသည် အုန်းမုတ်ခွက်​​ဆံပင်ကေလေးဖြင့် တမျိုးတဖုံ အသည်းယားဖွယ်အတိ။ ခပ်လှမ်းလှမ်းမှာ ဘောလုံးကစားနေသည့် ကလေးအုပ်စုကို တချက်ချက် ခိုးခိုးကြည့်လိုက် သဲပြင်ပေါ်က အိမ်ရုပ်လေးကို မပီမပြင်ဆွဲလိုက်ဖြင့် အလုပ်ရှုပ်နေဟန်။ ဘေးနား ဘယ်အဖော်မှ မရှိတော့ ထိုသို့သာ အပျင်းပြေစေပေါ့။

 Kiss me,Baby (Completed)Where stories live. Discover now