နွယ်နီ 💬 လရောင် နင်တကယ်ဘဲ သြစီ ကိုသွားတော့မှာပေါ့
လရောင် 💬 အေး ဟုတ်တယ်
နွယ်နီ 💬 မိုက်လိုက်တာ အားကျနေပါပြီ... အဲ့နေရာမှာ လည်စရာတွေအားကြီးဘဲဟသန့်ဇင် 💬 ဟုတ်တယ် သားရီး မင်းတော့ကံကောင်းပြီ မင်းဘဲကြီးက ဒီလိုကျတော့ဘယ်ဆိုးလို့လဲငါတို့မှာတော့ ဒီသင်္ကြန် ဒီမှာဘဲရွက်လွင့်ရတော့မယ်
ရှိန်း 💬 အဲ့တာမပြောနဲ့ ငါဆိုဘယ့်နှယ်လုပ်မလဲ ဘုန်းကြီးပါ ဝတ်ရတော့မှာ
နွယ်နီ 💬 ဒါကတော့ နင့်ဘာသာ စာမေးပွဲအောင်ချင်လို့ယတြာချေတာမလား 😂😂
ရှိန်း 💬တိတ်စမ်း
နွယ်နီ💬 ကဲပါ ငါ့သူငယ်ချင်းလေး ခရီးသွားတာလာတာ အဆင်ပြေပါစေနော်လရောင် 💬 ကျေးဇူးပါ
First yearအောင်ကိုအောင်ရမည် ဟူသည့်အမည်ရှိသော messenger gpထဲ ပို့နေကြသည့်စာများ။ ထိုစာတို့ကို ကြည့်ရင်း လရောင်ပြုံးနေမိသည်။ သူငယ်ချင်းတွေက တကယ့်ကို ချစ်ဖို့ကောင်းကြပါသည်။
"ကလေး ဘယ်သူနဲ့စာပို့နေလို့ အဲ့လောက် ရယ်ပြုံးနေတာလဲ"
လရောင် သူငယ်ချင်းတွေနဲ့ chatနေလို့ ဘေးမှာရှိတဲ့ ဦးတောင် မေ့သွားမိသည်မို့ သွားသာဖြီးပြမိတော့သည်။
"ကလေး သူငယ်ချင်းတွေနဲ့ပါ ဦး... သူတို့ကို ကလေးခရီးသွားမယ့်အကြောင်းပြောပြနေတာ "
"ဟုတ်ပါပြီ... လောလောဆယ် သွားရအောင်..လာ လေယာဥ်ထွက်ချိန်ရောက်နေပြီ"
"ဟုတ် ဦး"
ယခု လရောင်နဲ့ဦးက လေဆိပ်ဝန်းထဲမှာဖြစ်၏။ထွက်ခွာတော့မည့် လေယာဥ်ပေါ်သို့လည်း နှစ်ဦးသားအတူ လက်ချင်းချိတ် ယှဥ်တွဲကာ တက်သွားကြပြီ။ ထိုသို့မသွားခင်တည်းက လရောင်နဲ့ပတ်သက်သည့် ဗီဇာတွေတင်မက လိုအပ်သည်တို့ကို လရောင်ပင် ပူစရာမလိုအောင် စီစဥ်ပေးသွားသည်မို့ လရောင် အေးဆေးစွာပင် ဦးနဲ့လိုက်ခွင့်ရခဲ့ခြင်းပင်။ မကြာခင်လည်း မြန်မာနိုင်မှ သြစီသို့ ထွက်ခွာတော့မည်ဖြစ်သည်။
~~~~~~~
"ဘာ!! ဂုဏ်ရည်ထွဋ်ခေါင်က ချာလီနဲ့ သွားတွေ့တယ်ဟုတ်လား" ရုံးခန်းအတွင်း ကြားလိုက်ရသည့် သတင်းကြောင့် ဒေါသူပုန်ထနေသူက ဦးနေမင်းသူရဘဲဖြစ်၏။ သတင်းလာပေးသူမှာလည်း ခေါင်းလေးသာ ငုံ့ထားလျက်ပေ။
![](https://img.wattpad.com/cover/248864589-288-k124818.jpg)
KAMU SEDANG MEMBACA
Kiss me,Baby (Completed)