~25~

2.2K 139 7
                                    

မြတ်မင်းသူရတစ်ယောက် ဂဏာမငြိမ်။ ဘုန်းကြီးဝတ်မယ်ဆိုလည်း စောစောစီးစီးမပြောဘူး။ သင်္ကြန်အကြိုနေ့လေးမှာ စပရိုက်တိုက်ချင်လို့ ဖလားလေးနဲ့ သူ့အိမ်အရောက်သွားကာမှ ဘုန်းကြီးဝတ်သွားပြီဆိုတော့ ဒီလူက ဘာလုပ်ရမှန်းမသိ ဟက်ကော့ကြီးကျန်ခဲ့သည်။ ဘုန်းကြီးကျောင်းထိဘဲလိုက်ရမလို အိမ်မှာနေပြီး သူ ပြန်အလာဘဲ ထိုင်စောင့်ရမလိုနဲ့ ထိုင်မရထမရ ကို့လို့ကန့်လန့်။

"သား အိမ်မှာ ထူးထူးဆန်းဆန်းရှိနေလို့ပါလား အခု အလုပ်မရှိဘူးမလား အပြင်တွေဘာတွေလျှောက်မလည်ဘူးလား" အဖေဖြစ်သူမှာ ထူးထူးဆန်းဆန်း ငြိမ်ချက်သားကောင်းနေသော သားဖြစ်သူအား ရွဲ့သလို မေးလာတော့ မြတ်မင်း မျက်နှာက ဆူပုတ်ပုတ်ပင်။ သူ အစောတည်းက ညစ်နေပါသည်ဆို။

"မသွားတော့ပါဘူး ဒယ်ဒီရာ"
ညည်းစူစူပြောရင်း ဆိုဖာပေါ် မှီချကာ ဖုန်းသုံးနေလိုက်သည်။ ထိုပုံကိုဘဲ ဦးနေမင်းသူရကစူးစမ်းသလိုကြည့်နေသည်။ သူ့သားကတကယ့်ကို ပြောင်းလဲနေသည်။ အရင်ကဆို အိမ်မှာနေဖို့မနည်းပြောရသလို ဒီလိုသင်္ကြန်ရက်မျိုးဆို လူမှန်းသူမှန်းမသိ မူးနေတတ်သည်မို့ ဖခင်ဖြစ်သူရော အမဖြစ်သူပါ ဆုံးမသော်လည်း နားမထောင်ချေ။

အင်းးး အလုပ်ထဲဝင်လိုက်တော့ ရင့်ကျက်သွားတာဘဲနေမှာပါ...

>>>>>>

အလုပ်အားချိန် ဦးက လရောင်ကို ဆစ်ဒနီမြို့အနှံ့လိုက်ပြပေးဖို့ မမေ့လျော့။ ယနေ့လည်း Hop-on Hop-offဆိုတဲ့ အမိုးပွင့်နှစ်ထပ်busကားကြီးနဲ့ တနေ့ကုန်နီးပါး မြို့အနှံ့လည်ပတ်ဖြစ်သည်။ လရောင်အဖို​့ ဒီနေ့လည်း ပျော်စရာအချိန်တွေ ပိုင်ဆိုင်ခွင့်ရခဲ့သည်။ မနေ့ကဆိုလည်း လည်ပတ်ပြီးတောင် ဦးက China townဘက် ညလည်ကြီး ခေါ်ပြီး လည်ပတ်သေးကာ ထိုက အစားအသောက်တွေကို လိုက်စားသေးသည်။ အနောက်နိုင်ငံတင်မဟုတ် အရှေ့တိုင်းအစားစာတွေလည်း ရှိသည်မို့ လရောင်ပျို့မှာ လျှောက်ပတ်ကြည့်ရင်း မြည်းစမ်းခွင့်ရခဲ့သည်။ ထို့ကြောင့် ညကဆို အချိန်အတော်ညဥ့်နက်မှပြန်ရောက်သေးသည်။ ယခုလည်း မြို့တွင်း လည်လိုက်တာ တွေ့ရသည့်မြို့အလှက ပတ်ပတ်လည်မှာ။

 Kiss me,Baby (Completed)Where stories live. Discover now