သံစဉ်ငြိမ့်ငြိမ့်ညောင်းညောင်းဖြင့် ပြန့်လွင့်နေသည့် ကလပ်အတွင်းမှာ လူသိပ်ထူထပ်နေတာမျိုးမဟုတ်ဘဲ။ အဆင့်တန်းရှိရှိ အေးအေးဆေးဆေး နေချင်သည့်သူတွေအဖို့ ထိုနေရာက တကယ့်ကို သင့်တော်သည်။ ထိုအထဲ bartenderထည့်ပေးလာသည့် ရှန်ပိန်တစ်ခွက်ပြီးတစ်ခွက် သောက်ကာ ဘေးချင်းကပ်မှ လူနဲ့စကားလက်ဆုံကျနေသော မြတ်မင်းသူရ။ ဂုဏ်ရည်ထွဋ်ခေါင်သည်လည်း ဘေးက မြတ်မင်းပြောသည့်စကားတို့အား တရင်းတနှီးတုံ့ပြန်ပါသည်။
"အကိုဘဲစဉ်းစားကြည့် သူနဲ့မတွေ့ခင်လေးကမှ ကျွန်တော့်ဘဝက ဗြောက်သောက်ဖြစ်နေတာ ဒါပေမယ့် သူ့ကြောင့် အခု ကျွန်တော်ပြောင်းလဲသွားတယ် မိန်းမကိစ္စလည်းမရှိတော့ဘူး ဒါပေမယ့် သူ့ကို ဖွင့်ပြောဖို့ကျ ကျွန်တော့်မှာသတ္တိမရှိတော့ဘူး သူ ကျွန်တော့ကို ရွံမုန်းသွားမှာ ကျွန်တော်ကြောက်နေတာ တစ်ခါမှ ဒီလိုစိတ်ဓာတ်မကျမိတာ အမှန်ဘဲ"
မြတ်မင်းတစ်ယောက် ပြောနေရင်း မျက်စိရှေ့က ခွက်ကိုလည်း မော့သောက်နေသေးသည်။ သူ့ခံစားချက်ကို နားလည်သော ဂုဏ်ရည်မှာ အဓိပ္ပါယ်ပါပါပင် ပြုံးသည်။ ရှန်ပိန်အနည်းငယ်သာပါသော ခွက်အား မော့သောက်တော့ စူးရှရှက ပါးစပ်ထဲစိမ့်ဝင်သည်။ သည့်နောက် အကြံပေးစကားတို့က စီကာပေါ်လာသည်။
"မင်း သူ့ကိုတောင် ချစ်ကြောင်းမဖွင့်ပြောရသေးဘဲ ဘာလို့စိတ်ဓာတ်တွေကျနေရမှာလဲ။ မင်းသာတကယ်ချစ်တတ်ရင် သတ္တိဆိုတာ သူ့အလိုလိုဖြစ်လာတာဘဲ။ အရင်က မင်း မကောင်းတာတွေလုပ်ခဲ့ရင်တော့ သူ့ကိုချစ်တဲ့သတ္တိနဲ့ဘဲ မင်းအပြစ်တွေကြေအောင် ဆပ်ပေါ့ မင်းကယောက်ျားဘဲ လုပ်ရဲရင်ခံရဲရမယ်"
မြတ်မင်း သဘောတကျရယ်မိသည်။ ဂုဏ်ရည်နဲ့သူ ခင်တာ သိပ်မကြာသေးပေမယ့် အရင်တခေါက်တွေ့တုန်းကတော့ စကားတွေပြောဖူးပါသည်။ ဒါပေမယ့် ကိုဂုဏ်ရည်ထွဋ်ခေါင်လိုလူမျိုးက ယခုလို အချစ်ရေးအတွက်အကြံကောင်းမျိုး ပေးလာလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။
"အကိုက ကျွန်တော့်ကို ဒီလိုအကြံမျိုးပေးတယ်ဆိုတော့ အကိုက ကျွန်တော့်ထက်စီနီယာကျနေပြီထင်တယ်"
ESTÁS LEYENDO
Kiss me,Baby (Completed)