~11~

4.3K 296 9
                                        

👀zaw & uni👀

ရှိန်းတစ်ယောက် ရန်ကုန်နည်းပညာတက္ကသိုလ်၏လမ်းမကြီး တလျှောက် လေးလေးပင်ပင်လျှောက်လှမ်းနေလေသည်။ မနေ့ကညလုံးပေါက်စာကျက်ပြီး မနက်လည်းရောက်ရော ဖယ်ရီမမှီတော့သည်မို့ ဘက်စ်ပင်တိုးစီးရသည်ကြောင့် ယခုကျောင်းတွင်းသို့ရောက်တော့လည်း သူငယ်ချင်းတွေရှိတဲ့ ကန်တင်းဆီရောက်ဖို့လမ်းလျှောက်နေရသေးသည်။တော်သေးသည်က ပထမဆုံးအတန်းချိန်က မရှိပေလို့။ ဘယ်လိုဘဲဖြစ်ဖြစ် ယနေ့တော့ moodမကောင်းဘူးဆိုတာ သူကိုယ်တိုင်ပင်အသိဆုံး။ ဆူပုတ်ပုတ်ဖြစ်နေသော သူ့ပုံစံကို ဘေးကလူတွေမြင်ရင် ရည်းစားနဲ့ရန်ဖြစ်လာတဲ့သူများလားဟုပင်ထင်ရမည်။

ဝှီးးးး
ရုတ်တရတ်ကြီး ရှိန်း၏နားကနေအရှိန်နဲ့ဖြတ်သွားသော ပြိုင်ကားအနီတစ်စီး။ မိမိအားတိုက်မလိုတောင်ဖြစ်သွားသည်မို့ ရှိန်းတစ်ယောက် ပို၍ပင်ဒေါသကထွက်လာသည်။ ထိုကားကတော့ ထွက်သွားလိုက်တာ ချက်ချင်းကို အရိပ်ပါပျောက်သွား၏။

"သောက်ခွေးတွေ.... ကျောင်းထဲလာပြီး ကားကို လူလိုမမောင်းဘူး ငါ့လာတိုက်လို့ကတော့ ညှိကုန်တော့မယ်"

ရှိန်း အစတည်းက ဒေါသထွက်နေပါသည်ဆို အခုလုပ်ရပ်ကြောင့် ပိုလို့ပင် ဒေါသကအချောင်းလိုက်အမြှောင်းလိုက်ထွက်လာပါပြီ။ ကားထဲကလူကိုလည်း အမျိုးမျိုးကျိန်ဆဲနေလိုက်တာ ကန်တင်းရောက်တော့မှ အသံကတိတ်သွားရ၏။ မဟုတ်ရင် သူ့ကို သူငယ်ချင်းတွေအားလုံး ကြောင်နေကြမည်။ ဘာလို့ဆို ရှိန်းဆိုတဲ့ သူက သူများတွေရှေ့ဆို cool guyအသွင်ဖမ်းတတ်သူပင်မဟုတ်လား။

"မင်းနောက်ကျလှချည်လား"
ဝိုင်းတစ်ဝိုင်းတွင် လူစုံနေပြီဖြစ်တဲ့ မိမိသူငယ်ချင်းတွေထဲမှ သန့်ဇင်ဆိုသူက ဆိုလာသည်။ ရှိန်း ခပ်တည်တည်ပင် လွတ်နေသောခုံ၌ဝင်ထိုင်လိုက်သည်။

"ငါ အိပ်ရာထနောက်ကျသွားလို့ပါ"

"ဘာလဲ ညလုံးပေါက်စာလုပ်ထားပြန်ပြီလား"

နွယ်နီတစ်ယောက် တရားခံစစ်သလိုမေးခြင်းပင်။ သူငယ်ချင်းတွေလည်း မိမိအကြောင်းကိုသိနေပြီမဟုတ်လား။ ရှိန်းကတော့ ခေါင်းသာငြိမ့်ပြပြီး လရောင်ဆီမှ အအေးခွက်ကို ယူသောက်လိုက်သည်။

 Kiss me,Baby (Completed)Where stories live. Discover now