~34~

2K 135 10
                                    


ပုဂ္ဂလိကဆေးရုံဝန်းအတွင်း လူနာများ ဆရာဝန်များ အလျှိုလျှို လှုပ်လှုပ်ရှားရှားဖြစ်လို့နေသည်။ ရနေကြမဟုတ်သည့် ဆေးရုံအနံ့ကြောင့် တချို့တွေအဖို့ စိတ်သက်သာရာရမည်မဟုတ်။ ကိစ္စအထိုထိုကြောင့်သာ အောင့်အီးနေရမည်ဆိုတာ ကိုယ်ချင်းစာနိုင်ပါရဲ့။

ငယ်ငယ်လေးတည်းက ဆေးရုံဆေးခန်းမသွားချင်လို့ အိမ်မှာသာ ဆရာဝန်နဲ့ပြနေကြ ဂုဏ်ရည်ထွဋ်ခေါင်မှာတော့ ယနေ့ကျ ချစ်ရသည့်ကလေးကြောင့် ရောက်ရှိနေပြီ။ အကြောင်းမှာ...

လွန်ခဲ့သော နာရီအနည်းငယ်က

ဂုဏ်ရည်စံအိမ်အတွင်း ကျောင်းနား အလုပ်နား အတူ ရှိနေခဲ့သည့် လူနှစ်ယောက်။ မနက်ပိုင်းမှာတော့ ကလေး၏ ဒဏ်တချို့ကြောင့် ဆရာဝန်ကို အိမ်အထိခေါ်ကာ ကုသပေးပြီးနောက် ဂုဏ်ရည်ကိုယ်တိုင် ကိုယ်ဖိရင်ဖိ ပြုစုပေးသည်။ တခြားတော့မဟုတ် သိပ်မထနိုင်သည့် ကလေးအား ဘာစားချင်လဲ ဘာသောက်ချင်လဲ စုံစိစွာ ​ကိုယ်တိုင်ပြင်ဆင်ပေး၏။ လူနာတစ်ယောက်လို ပြုစုပေးနေတော့ လရောင် အားနာနေရပေမယ့် ဦးရဲ့ အပြုစုအယုယကြောင့် ကြည်နူးရိပ် သာ တိုးလို့။

"မောင်ဂုဏ်ရည်... လရောင်ပျို့နာမည်နဲ့ အောက်မှာ ဖုန်းလာနေတယ်"
နှစ်ဦးသား အခန်းတွင်းသာ ခိုးအောင်းနေချိန် ကြီးမေ၏ သတင်းစကားကြောင့် တစ်ဦးမျက်နှာတစ်ဦးကြည့်မိသည်။ အိမ်ဖုန်းကို မိမိနာမည်နဲ့ခေါ်တယ်ဆိုတော့ ဘယ်သူများလဲဟု လရောင်တွေးမိ၏။ ဖုန်းလိုင်းအား တအိမ်လုံး  ဆက်ထားသည်မို့ အခန်းထဲမှာရှိသည့် အထိုင်ဖုန်းကိုသာ ကိုင်လိုက်သည်။

"ဟုတ် လရောင်ပါ"

"သား လရောင်... အဒေါ်ပါ"
ရင်းနှီးသည့် အသံမို့ လရောင်သိလိုက်ပါပြီ။ မိမိအဖေ၏အမ ဒေါ်ကြီးနှင်းရည်ပင်။

"ဒေါ်ကြီးလား"

"....."

တစ်ဖတ်ကသူနဲ့ ဘာတွေပြောနေကြမှန်းတော့မသိပေမယ့် မျက်နှာမကောင်းသော ကလေးကိုမြင်ပြီး ဂုဏ်ရည် စိုးရိမ်စိတ်တော့ဖြစ်ရသည်။ သိပ်မကြာ ဖုန်းကိုချပြီး သက်ပြင်းသဲ့သဲ့ချ၏။

 Kiss me,Baby (Completed)Donde viven las historias. Descúbrelo ahora