~35~

2.1K 142 8
                                    

ကိုယ် မမြင်ချင်တဲ့ လူကို မြင်လိုက်ရတဲ့စိတ်က ဘယ်လောက် ကသိကအောက်ဖြစ်ရလဲဆိုတာ သိကြရဲ့လား။ မတွေ့ချင်လို့ရှောင်နေတာ ၄ရက်လောက်ရှိပြီ။ ဒါလည်း အလိုက်မသိ ရောက်လာတတ်တယ်။ ဘာတဲ့ ကိုယ် မင်းကို ဘာမှဖိအားမပေးချင်ဘူးလေးဘာလေးပြောပြီး ကျောင်းပိတ်ရက်တောင် အလွတ်မပေးဘဲရောက်လာရုံမက ကျောင်းတက်ရက်တောင် စောစောစီးစီး အကုသိုလ်လာပေးနေသည့် ထိုလူကြီး။

အိမ်ရှေ့အထိ ကားကြီးက ဟီးခနဲ ရပ်ကာစောင့်နေသော ဒီလူ့အား ရှိန်း ဘယ်လို ရှောင်မလဲ။ အိမ်မှာဘဲ ပုန်းနေရင်လည်း ဒီလူလုပ်တာနဲ့ကျောင်းသွားရမှာမဟုတ်သလို မသိချင်ယောင်ဆောင်ပြီး သွားပြန်လည်း ရွှေဉာဏ်တော်စူးရောက်က မရမက ခေါ်တော်မူဦးမည်။ ထင်သည့်အတိုင်းပါဘဲ မလိုက်ဘူးလို့ပြောတာတောင် အသနားခံရုံတင်မဟုတ် ကိုယ်က ခင်မို့မို့အေး သူက ပန်းနုသွေးဖြစ်အောင်ကို ပြောတတ်တဲ့ ဒီလူ့ကို ဘယ်လိုများ စဥ်းစားပေးရမှာတုန်း။

မဟုတ်ဘူး .... အစောတည်းကကို မြတ်မင်းသူရဆိုတဲ့ ထိုလူသားအား သဘောကျခဲ့တာမှမဟုတ်ဘဲ။

"ဟိုနေ့က ကိုယ် မင်းကို ပြောခဲ့တာ တကယ်ပါ ကိုယ် မူးလို့မဟုတ်ဘူးဆိုတာ သိတယ်မလား"

ဒါတွေမကြားချင်လို့ မလိုက်တာကို အခုတော့ အခွင့်ကြုံတာနဲ့ ကြားရပြီ။ ရှိန်းဆိုတဲ့ကိုယ်ကလည်း သူ့စကားကို တစက်တောင် မတုံ့ပြန်။ တလမ်းလုံး မှုန်ကုတ်ကုတ်နဲ့သာ နေ နေလိုက်သည်။ ဒါပေမယ့် အကြောတင်းပြိုင်ချင်တဲ့ဒီလူကလည်း...
"မင်း စကားပြန်မပြောမချင်း ကိုယ်ကတော့ဆက်ပြောနေမှာနော်"တဲ့။ ရတယ်လေ ရှိန်းတဲ့နာမည်တစ်လုံးနေ နေတာ။ ဘူးဆိုဖရုံမသီးဘူး။ ကျောင်းဂိတ်ပေါက်ဝလည်းရောက်ရော သူ့ကားပေါ်ကနေ သုတ်ခြေတင် ထွက်လာလိုက်တော့သည်။ ကားထိုးရင်း ကျန်ခဲ့တဲ့ ဒီလူ ဘယ်တတ်နိုင်ဦးမလဲ။

​နောက်ဆုံးတော့ တကယ်တမ်း မတက်နိုင်တာ ကိုယ်။ စကားမပြောချင်လို့ကို တမင်ရှောင်ထွက်လာပါသည်​ဆို ကန်တင်းအထိ ဘယ်လိုများလိုက်လာရသလဲ။ ဒီလူ တကျောင်းလုံးပတ်ပြီးများ ရှာခဲ့လေသလား။ သူကလည်းလိုက် ကိုယ်ကလည်းပြေး ဟုတ်တော့ဟုတ်နေပါပြီ။

 Kiss me,Baby (Completed)Donde viven las historias. Descúbrelo ahora