👀uni & zaw👀
"ကလေးက ကိုယ့်ကိုလွမ်းနေတာလား"
"ဗျာ!!!"
ဦးထွဋ်စကားကြောင့် လရောင်မျက်လုံးတို့အံ့အားသင့်သွားသည်ကြောင့် ပို၍ဝိုင်းစက်မိလို့။ ဂုဏ်ရည်ထွဋ်ခေါင်မှာတော့ ထိုကလေး၏ဤသို့ပုံစံကိုမြင်ပြီး ကြိတ်ရယ်မိသည်။
"ဘာလို့အဲ့လောက်လန့်သွားရတာလဲ"
"ဗျာ!!! ဟို ကျွန်တော် မ..မလန့်ပါဘူး"
"ဟုတ်လို့လား"
ဦးထွဋ်ကပြောနေရင်း လရောင်၏နှာခေါင်းလုံးလုံးကို ကိုင်ဆွဲလိုက်သေးသည်။ လရောင်မှာတော့ ထိုသို့အမှုကြောင့် မျက်နှာကိုရဲခနဲဖြစ်သွားရ၏။"မင်းကသိပ်ကိုချစ်ဖို့ကောင်းနေပြန်ပါပြီ... "
ရုတ်တရတ် ဟက်ဟက်ပက်ပက်ရယ်ရင်း ဆိုလာသော ဦးထွဋ်ကြောင့် မျက်စိသူငယ်လေးဖြင့် ပြန်၍ကြည့်နေရသည်။ ဦးထွဋ်ကတော့ လရောင်၏ခေါင်းလုံးလုံးလေးကိုတချက်ပွတ်သက်ရင်း ဆိုလိုက်သည်က.."နောက်နေ့ကစပြီး ကလေးကိုကျောင်းကြိုကျောင်းပို့ ပြန်လုပ်ပေးမယ်နော် ပြီးတော့ညစာလည်းအတူစားပေးမယ် ဟုတ်ပြီလား"
ပြုံးလျက်ဆိုနေသော ထိုလူကြီးသည် မိမိကိုအပြုံးနဲ့တင် သတ်နေသလား။
"ဒါဆို အိပ်တော့နော် ကိုယ်လည်းသွားတော့မယ်"
ထိုသို့ ပြောပြီးသွားဟန်ပြင်နေသော ဦးထွဋ်အား ခါးနားကအင်္ကျီစွန်းစလေးကို လှမ်းဆွဲရင်းတားမိသည်။ ဦးထွဋ်ကတော့ ဘာများပြောစရာရှိလို့လဲဟူသည့်သဘောနဲ့ကြည့်နေသည်။"ဦးထွဋ် မအားရင်လည်း ရပါတယ်ဗျ ကျွန်တော်နားလည်ပေးပါတယ်"
မဝံ့မရဲပုံလေးဖြင့်ဆိုလာသော ထိုကလေးကြောင့် ဂုဏ်ရည် ပြုံးမိပြန်သည်။ ထိုကလေးကတော့ မိမိကိုအမျိုးမျိုးအဖုံဖုံဆွဲဆောင်နေလေသလား။
"ကလေးက ကိုယ့်အတွက်အရေးကြီးဆုံးဘဲဆိုတာ ကလေးသိလား"
"ဗျာ??" နားမလည်သလိုဖြစ်သွားသည့်ကလေးက ဂုဏ်ရည့်ကို အူကြောင်ကြောင်လေးနဲ့ပြန်ကြည့်နေသည်။ ဂုဏ်ရည်ကတော့ဆက်၍ပင် ခပ်ပြုံးပြုံးလေးပြောလာပြန်သည်။
VOCÊ ESTÁ LENDO
Kiss me,Baby (Completed)