လရောင်အလင်းရဲ့အားကိုးနဲ့သာ ပတ်ဝန်းကျင်အား ခပ်သော့သော့ရောင်ခြည်ပေးနေသော ကောင်းကင်ကြီးမှာ ယနေ့ကျမှ အထီးကျန်ဆန်နေသည်။ ပြတင်းပေါက်ကိုဖြတ်ကာမြင်တွေ့နေရသည့် ခြောက်ကပ်ကပ်မြင်ကွင်းသည် အရှေ့မှာရှိနေသည့် ကျောင်းစာထက်ပင် ပို၍ စိတ်ဝင်စားဖို့ကောင်းနေလေသည်။
ရှိန်း စာလုပ်နေတာ တကယ့်ကို စိတ်မပါလက်မပါ။ လူကသာ စာအုပ်ရှေ့ရှိနေတာ အတွေးတို့က ဟိုရောက်လိုက်ဒီရောက်လိုက်။ ရည်းစားတောင် တစ်ခါမှမထားဖူးတဲ့ ကိုယ်က ယခုတော့ တခြားတစ်ယောက်အကြောင်းစဉ်းစားပြီ အတွေးတွေလွန်နေတာ ဒါ ပထမဆုံးဘဲ။ စိတ်ငြိမ်အောင် ဘုန်းကြီးဝတ်ပါသည်ဆို ပိုပြီးတော့တောင် ကယောက်ကယက် ဖြစ်လာသလိုဘဲ။
တီတီတီ...
ရုတ်တရတ် ကြားလိုက်ရသည့် ဖုန်းသံကြောင့် ရှိန်း စိတ်လှုပ်ရှားစွာကြည့်မိတော့ တွေ့ရသည့် Contact nameက အရူးကြီး။ ဒါ ကိုယ့်contact ထဲမှာ ပထမဆုံး ထားဖူးတဲ့ နာမည်ပြောင်ဘဲ။ အဲ့တာကရော ဘယ်သူ့အတွက်လဲ။
"ဘာလဲ" သူများတွေကတော့ ဖုန်းကိုင်ရင် ဘယ်လိုလေသံနဲ့ပြောလဲမသိ။ ရှိန်းတို့ကတော့ တစ်ဖတ်လူကို အမြင်ကတ်ပုဒ်မနဲ့ ထိုသို့ပင် တုံ့ပြန်၏။ တစ်ဖတ်ကလူမှာတော့ တော်ရုံနဲ့အသံမကြားရ။ ငြိမ်သက်နေ၏။
"ဒီမှာ ခင်ဗျား သေသွားပြီလား ဖုန်းခေါ်ရင်လည်း တစ်ခုခုပြောလေ" ရှိန်း သူနဲ့ဆို ဘယ်တော့မှ စိတ်မရှည်မိတော့တာ အမှန်။ အစောတည်းက လူကညစ်နေပါသည်ဆို အချိန်မတော် အကုသိုလ်လာပေးနေသည်။ ဒီက ငေါက်တော့ တစ်ဖတ်က ခပ်ဟဟရယ်သံနဲ့ တုံ့ပြန်လာသည်။ ဘယ်လိုလူလဲ။
"ကိုယ် ဒီအသံလေး လွမ်းနေတာ.... အခု မင်းအိမ်ရှေ့ရောက်နေတယ် ထွက်ခဲ့ပါလား"
သူ့စကားကြောင့် ရှိန်း တကယ် အံ့အားသင့်သွားရသည်။ ပြတင်းပေါက်ဆီလည်း စိတ်အလိုတိုင်း ရောက်သွားပြီ။ မှန်မှဖြတ်ကာ အိမ်ရှေ့ကိုကြည့်တော့ ရပ်ထားသည့် ကားဘေး မှီကာ မိမိအခန်းရှိရာ ကြည့်နေသည့် ထိုလူ။ ဒီလူ ဘာလာလုပ်တာလဲ။
"ဒီအချိန်ကြီး ဘာလာလုပ်တာလဲ ခင်ဗျား"
"မင်းကို သတိရလို့.... ခနလောက်ဆင်းခဲ့ပါနော်" အသံက သိပ်ကို နူးညံ့သည်။ ထိုခွင့်တောင်းသံကြောင့် ရှိန်းရင်ထဲ စာမေးပွဲဖြေတုန်းကထက် ပို၍ပင် ရင်တုန်သွားရသည်။ ရှိန်း ဘာမှတောင် မပြောရသေး ကျသွားသောဖုန်း။ ထိုလူကတော့ နဂိုမူလနေရာတွင်သာ မိမိကို ကြည့်နေဆဲ။
YOU ARE READING
Kiss me,Baby (Completed)