~36~

2.1K 143 6
                                        


"ဒီတစ်ခါ သူ အထိနာသွားပြီထင်တယ် ဖေဖေ သတင်းစာရှင်းလင်းပွဲအထိ လုပ်တော့မယ်ဆိုတော့"

လမင်းတစ်ယောက် ဖခင်အား ကျေနပ်အားရစွာ ပြောနေသည်ကို ဖခင်ဖြစ်တဲ့ဦးနေမင်းသူရသည်လည်း ထောက်ခံလျက်ပင်။

"ဟုတ်တယ် သူ သတင်းသမားတွေကို ရှင်းပြရအောင်လည်း အခုကိစ္စက နာမည်ဆိုးအဖြစ်ကျန်ခဲ့မှာဘဲ ဟောကြည့်  သူ့လိုလူတစ်ယောက်ကို ဘယ်သူကလေးစားပြီးယုံကြည်ချင်တော့မှာလဲ"

"မှန်တယ် ဖေဖေ... ဘာပဲဖြစ်ဖြစ်  သူတို့လိုလူ​တွေအတွက် အမြင့်လိုနေရာမျိုးမှာ နေရာမပေးသင့်ဘူး အခုဆို ရှယ်ယာရှင်တချို့တောင် သမီးတို့ဘက်ရောက်လာပြီ"

"အခုပွဲကို အဖေတို့ကိုလည်း ဖိတ်ထားတယ်မလား"

"ဟုတ် ဖေဖေ သမီးကတော့ သူအရှက်ကွဲမယ့်ပွဲကို သွားကြည့်ရမယ် သတင်းသမားတချို့ကိုလည်း သမီး အဲ့ကိစ္စကိုပိုပြီးသတင်းယူခိုင်းထားတယ်"

"ကောင်းတယ် သမီး"

သားအဖနှစ်ယောက်လုံးမှာ ပစ်ကွင်းထဲဝင်လာမည့်သားကောင်အား ပျော်ပျော်ပါးပါးစောင့်နေကြပေမယ့် သူတို့နှစ်ဦးသာလျှင် သားကောင်တွေဖြစ်သွားမည်ကို မသိရေးချမသိကြပါ။

>>>>>>

ကျောင်းပိတ်ရက်မို့ လရောင် အစောကြီးကျောင်းမသွားရပေမယ့် ထုံးစံအတိုင်း စောစောစီးစီးထတတ်သည့်အကျင့်ကတော့ရှိသေး၏။ မကြာခင်လည်း သင်တန်းတစ်ခုသွားရဦးမည့်အပြင် ချိန်းထားသည့်ကိစ္စလည်းရှိသေးသည်မို့ လုပ်စရာရှိသည်ကို ပျင်းတိပျင်းရော့မဟုတ်ဘဲ ခပ်သွက်သွက်လုပ်လိုက်သည်။ တာဝန်အရ ဦးကိုလည်း မနက်စာစားဖို့သွားခေါ်ရဦးမည်။

"ဦးရေ... "
တံခါးနှစ်ချက်လောက်ခေါက်ပြီး ခေါ်တော့ အထဲမှ ဝင်လာခိုင်းစေသည်။ ချစ်သူရည်းစားဖြစ်လင့်ကစား အထဲမဝင်ခင် တံခါးခေါက်တတ်သည်က လရောင်အတွက် အကျင့်တစ်ခုလိုဖြစ်နေပြီမို့ ဂုဏ်ရည်ပင် လူမှုရေးနားလည်တတ်သည့်ကလေးကို သဘောတကျဖြစ်ရတာမဆန်းပေ။

"ဦးတောင် ပြင်နေပြီဘဲ"
နက်ခ်တိုင်ပင်ဝတ်တော့မည့်ဦးကိုမြင်တော့ လရောင် ဆိုမိသည်။ ဦးကလည်း မိမိထံ  တည်ကြည်သည့်အပြုံးဖြင့် ပြုံးပြသည်။

 Kiss me,Baby (Completed)Donde viven las historias. Descúbrelo ahora