Part (34)

6.8K 647 44
                                    

Unicode

အနီးအနားပတ်ဝန်းကျင်တွင် သစ်ရွက်တို့လေတိုးသံနှင့် ကျေးငှက်များအော်မြည်သံတို့သာ ကြားနေရသည်။ အမြင့်ဆုံးတောင်ထိပ်ပေါ်ရောက်နေတာမို့ လူသူလေးပါးကင်းမဲ့ကာ တိတ်ဆိတ်ခြင်းသာ ကြီးစိုးနေသည်။ရှောင်းကျန့်က ရိပေါ်ကို စိတ်အာရုံစုစည်းနိုင်စေဖို့ တရားထိုင်ရန် သူတို့မြို့မှ အမြင့်ဆုံးတောင်ထိပ်ပေါ် အစောကြီးနှိုး၍ ခေါ်လာခြင်း။

ရိပေါ်က မလှမ်းမကမ်းမှ သစ်ပင်အောက်တွင် တရားထိုင်နေသည်။ စွမ်းအားထိန်းချုပ်ထားသည့် လည်ပတ်ကို ချွတ်ထားတာမို့ ရှောင်းကျန့်က စောင့်ကြည့်နေရသည်။ တစ်ချက်တစ်ချက် ရိပေါ်ခေါင်းပေါ်မှ သစ်ရွက်တွေက အပူဒဏ်ကြောင့် မီးထတောက်နေတတ်လို့ ထထပြီး ငြှိမ်းရ၊ ရိပေါ် နဖူးမှ ချွေးစလေးများကို လက်ကိုင်ပဝါလေးနှင့် သုတ်ပေးလိုက်ရနှင့် သူတစ်ယောက်ထဲ အလုပ်များနေသည်။

ဇွဲကြီးသည့် ရိပေါ်က တစ်နေကုန်တရားထိုင်နေပြီး ညနေစောင်းရောက်ကာမှ

"ကိုကို တစ်ခုခု စားပြီးပြီလား"

"အင်း....မင်းရော ဘယ်လိုနေသေးလဲ"

"တော်တော်လေး ကောင်းပါတယ်...ကိုကို လည်ပတ်ပတ်ပေးဦး"

"အင်း"

ရှောင်းကျန့် ရိပေါ်ကို လည်ပတ်ပြန်တပ်ပေးလိုက်သည်။

"နဲနဲနောက်ကျမှ ပြန်ရအောင်ကိုကို"

"ဘာလို့လဲ"

"ဒီလည်ပတ်ကြီးနဲ့ လူကြားထဲသွားရမှာ နဲနဲရှက်လို့"

"အင်း"

"ကိုကို"

"ဟင်"

"ဟိုးကို ကြည့်လိုက်.....အရမ်းလှတယ်နော်"

ရိပေါ်က တဖြည်းဖြည်းနှင့် နိမ့်ဆင်းသွားသည့် နေဝန်းနီနီကို လက်ညှိုးထိုးကာပြောနေသည်။

"အင်း....မင်းနေဝင်ချိန်ကို ကြိုက်လား"

"ကြိုက်တယ်......ကျွန်တော်ငယ်ငယ်က စိတ်ညစ်တဲ့ အချိန်တိုင်း ဒီတောင်ပေါ်လာပြီး နေဝင်ချိန်လာကြည့်တတ်တယ်။ အဲ့ဒီအချိန်တုန်းကကျွန်​တော်တွေးမိတယ် နေဝင်သွားရင် စိတ်ညစ်စရာကောင်းတဲ့ ဒီနေ့က ကုန်သွားပြီ မနက်ဖြန်က ဒီနေ့ထက်စာရင် ပိုကောင်းတဲ့ နေ့တစ်နေ့ဖြစ်လာမှာပါလို့လေ။"

Saviors of the OmegaverseМесто, где живут истории. Откройте их для себя