Unicode
ပြေးသာပြေးနေရပေမဲ့ ကမ္ဘာမြေဆွဲအားမရှိသည့် နေရာဖြစ်တာကြောင့် ထင်သလောက်ခရီးမတွင်လှ။ အနောက်မှ တစ်ပြုံကြီးလိုက်လာသည့် သတ္တဝါများ၏ လှုပ်ရှားမှုမှာလဲ နှေးကွေးနေ၍ တော်သေးသည်။
"အား!"
ယာဥ်ရပ်ထားသည့်နေရာသို့ ဦးတည်ပြေးနေရင်း ရုတ်တရက်အော်သံကြား၍ လှည့်ကြည့်တော့
"ယွီပင်း!"
ဂြိုဟ်သားသတ္တဝါတစ်ကောင်၏ လက်တွင်တရွတ်တိုက်ပါသွားသည့် ယွီပင်းကို ရိပေါ် အမြန်လိုက်ဖမ်းလိုက်သော်လည်း မမှီလိုက်။
"ကိုကိုနဲ့ ဟောက်ရွှမ်း ယာဥ်ပေါ်တက်နှင့်လိုက် ကျွန်တော် ယွီပင်းကို သွားကယ်လိုက်မယ်"
ပြေးလိုက်သွားရန်ပြင်နေသည့် ရိပေါ်ကို ရှောင်းကျန့်က ဆွဲထားလိုက်ကာ
"ငါပါလိုက်ခဲ့မယ် ဝမ်ရိပေါ်"
"ကိုကို မလိုက်ခဲ့ပါနဲ့...."
"ဟောက်ရွှမ်း မင်းသွားလိုက်။ ပြီးရင် ယာဥ်ကို ဒီနားမောင်းလာလိုက်"
"ဟုတ်ကဲ့ စီနီယာ"
ဟောက်ရွှမ်းက ရှောင်းကျန့် စကားကိုနားထောင်ကာ ယာဥ်ရှိရာသို့ ဦးတည်၍ ထွက်သွားသည်။ ထိုအခါမှ နှစ်ယောက်သား ယွီပင်းအား ဆွဲခေါ်သွားသည့် နေရာသို့ လိုက်သွားကြသည်။
"ကိုကိုနောက်မှာ"
ရှောင်းကျန့် အနောက်မှာ ပေါ်လာသည့် ထွားထွားကြိုင်းကြိုင်း ဂိတ်စောင့်ကြီးက ရှောင်းကျန့်အား အရုပ်လေးတစ်ရုပ်လို မကာ ခပ်ဝေးဝေးသို့ ပစ်ချလိုက်သည်။
"ကိုကို!"
သွေးစုပ်ကောင်များက ရိပေါ်ကို သဲကြီးမဲကြီးတိုက်ခိုက်နေကြတော့ ရှောင်းကျန့်အနားသွား၍ မရ။ လဲကျသွားသည့် ရှောင်းကျန့်ကလဲ ဖြည်းဖြည်းချင်း ကုန်းထကာ ထိုသတ္တဝါကြီးနှင့် တိုက်ခိုက်နေသည်။ ထိုအချိန်တွင် ကျယ်လောင်စွာ အော်ဟစ်သံနှင့်အတူ ရှောင်းကျန့်နှင့် တိုက်ခိုက်နေသည့် သတ္တဝါကြီးမှာ ဝုန်းကနဲ လဲကျသွားသည်။
"Daniel ကော"
"ကျန့်ကျန့် အဆင်ပြေရဲ့လား....ဒဏ်ရာရသွားသေးလား"
![](https://img.wattpad.com/cover/250584333-288-k417303.jpg)
ESTÁS LEYENDO
Saviors of the Omegaverse