Part (47)

5K 607 33
                                    

Unicode

"အစ်ကိုရှောင်း ကျွန်တော့်သဘောကတော့ အမြန်ဆုံးလက်ထပ်စေချင်တယ်။ ဖြစ်နိုင်ရင် ဒီအပတ်ထဲပေါ့ဗျာ....အစ်ကိုရော ဘယ်လိုသဘောရလဲ"

"ကျွန်တော်က သူတို့သဘောပါပဲ။"

"အဲ့တာဆို သားတို့နှစ်ယောက်ပဲ ရက်ရွေးလိုက်ကြပေါ့။ မင်္ဂလာပွဲကိုတော့ Earth 5 မှာ အကြီးဆုံး church မှာပဲ လုပ်မလားလို့။ တော်ဝင်မျိုးနွယ်တွေကိုပါ ဖိတ်ကြားရမှာဆိုတော့လေ"

"အဆင်ပြေပါတယ်"

"ကျွန်တော့်ဖက်က လက်ဖွဲ့တွေတစ်ခါတည်း လွှဲပေးလိုက်ပါမယ် အစ်ကိုရှောင်း"

အဖေနှစ်ယောက်က မင်္ဂလာကိစ္စ၊ လက်ဖွဲ့ကိစ္စများဆွေးနွေးနေကြစဥ် ရိပေါ်ကတော့ မကြာခင် သူ့အပိုင်ဖြစ်လာတော့မည့် ယုန်ပေါက်ကို တစိမ့်စိမ့်ထိုင်ကြည့်နေသည်။ ရှောင်းကျန့်က အနေရခက်စွာ မျက်နှာကြီးကို ငုံ့ထားသည်။

"မင်းတို့ စကားသွားပြောချင်သွားပြောကြလေ"

ဝန်ကြီးချုပ်ရှောင်း၏ ခွင့်ပြုချက်ရသည်နှင့် ရိပေါ်က ရှောင်းကျန့်လက်ကိုကိုင်ပြီး ထရပ်လိုက်သည်။

"သွားကြမယ် ကိုကို"

ရှောင်းကျန့် လက်ကိုဆွဲပြီး ရှေ့ကနေ သွားနေသည့် ရိပေါ်က သူ့အိမ်သူ့ရာအတိုင်း။

"နေဦး.....မင်းငါ့ကို ဘယ်ခေါ်သွားနေတာလဲ မင်းအိမ်မို့လို့လား....."

"ကိုကို့အိမ်ပါ...ဟီး....ကျွန်တော့်ကို ကိုကို့အခန်းလိုက်ပြပါလား"

"အခန်းထဲမသွားဘူး ခြံထဲသွားမယ်"

ခြင်္သေ့တစ်ကောင်ကို အိပ်ခန်းထဲခေါ်သွားခြင်းက အန္တရာယ်ကို ဖိတ်ခေါ်ခြင်းဆိုတာရှောင်းကျန့်ကောင်းကောင်းသိသည်။

"ကိုကိုရာ....ခြံထဲကိုလဲ ကြည့်ဦး bodyguard တွေနဲ့ ပြည့်နေတာ။ ကိုကို မရှက်တတ်ရင်တော့ပြီးရောပေါ့။ ကျွန်တော်က bodyguard တွေရှေ့မို့ဆိုပြီး ရှောင်မှာ မဟုတ်ဘူးနော်"

"မင်း! အရှက်မရှိလိုက်တာ"

"အဟွန်းဟွန်း....ကိုကိုကျွန်တော့်အကြောင်းသိရဲ့သားနဲ့"

Saviors of the OmegaverseOnde histórias criam vida. Descubra agora