Unicode
"စီနီယာဟိုက်ခွမ်း...."
ရိပေါ် အတန်းချိန်ပြီးလို့ ပြန်လာရင်း လမ်းမှာ ဟိုက်ခွမ်းကိုတွေ့၍ လှမ်းခေါ်လိုက်သည်။ ဟိုက်ခွမ်းကောကလဲ Leo မို့ သူနှင့် ဘာသာရပ်တူသည်လေ။
"ရိပေါ်"
"စီနီယာ....ကျွန်တော်စာကြည့်တိုက်ကို သွားချင်လို့....ကျွန်တော့်ကို Library card လေးငှားပေးနိုင်မလား"
ရိပေါ်တို့လို ပထမနှစ် ကျောင်းသားတွေအတွက် Library card မချပေးသေး။ အကယ်၍ စာအုပ်ငှားချင်ရင် သက်ဆိုင်ရာ ကျောင်းသားခေါင်းဆောင်ဆီမှာ ခွင့်တောင်းရသည်။
"ဪ အင်းရတယ်လေ...ဒါပေမဲ့ ကောက Warrior ကျောင်းသားခေါင်းဆောင်မို့ မင်းရှောင်းကျန့်ဆီက လက်မှတ်လိုတယ်"
"ဗျာ....စီနီယာရှောင်းဆီက လက်မှတ်လိုသေးတာလား....သူကပေးမယ်မထင်ဘူးဗျာ....စီနီယာကျွန်တော်နဲ့အတူတူလိုက်တောင်းပေးပါလား"
"အေးပါ"
ရိပေါ် ရှောင်းကျန့်ရဲ့ ရုံးခန်းကို သွားဖို့ ဟိုက်ခွမ်းကိုပါ အဖော်ခေါ်လာခဲ့သည်။ ရုံးခန်းရှေ့ရောက်တော့
"ဧည့်သည်ရောက်နေတယ် ထင်တယ်"
ရှောင်းကျန့် အခန်းထဲမှာ စကားပြောသံအချို့ကြားနေရသည်။
"ဟိုနေ့က သတင်းကြားတယ်....ရှောင်းကျန့်...မင်းငါပြောထားတဲ့ စကားကို မမှတ်ထားဘူးလား....အမြဲလေ့ကျင့်ပါလို့ ငါပြောထားတယ်....မင်းကိုယ်မင်း ဘာဆိုတာမမေ့နဲ့ Alpha တွေကြားမှာနေပြီး....သွေးနားထင်ရောက်နေတာလားဟမ်....မင်းကိုယ်မင်း သိပ်တော်နေပြီဆိုပြီး လက်လွတ်စပယ်နေတာလား....ပြောစမ်း....ရှောင်းကျန့်....ပါးစပ်ပိတ်မနေနဲ့ ငါမေးတာဖြေ"
"ကျွန်တော့်မှာ ပြောစရာမရှိပါဘူး"
"မင်းအချိုးကိုပြင်စမ်း မဟုတ်ရင် ငါကိုယ်တိုင် မင်းကို ဒီကျောင်းကနေ ထုတ်ပစ်မှာ....ကြားလား"
"ပါး......ကျွန်တော်အမှားမလုပ်ထားဘူး...အဲ့တာကြောင့် ပြင်စရာမရှိဘူး"
"ဖြန်း"
ပါးရိုက်ခံလိုက်ရတဲ့ ရှောင်းကျန့်က မျက်နှာထားကို တစ်စက်မှမလျှော့။
VOUS LISEZ
Saviors of the Omegaverse