Part (45)

5.2K 589 27
                                    

Unicode

Location- SAN 22 (36 light yrs from Earth 5)

"ရှေ့မှာ မြင်နေရတဲ့ အပြာရောင်ဂြိုဟ်ပါ"

"အင်း.....ငါ့ကို ဂြိုဟ်ပေါ်ချခဲ့ပြီးတာနဲ့ ယာဥ်ကို ခပ်လှမ်းလှမ်းမှာ ရပ်ထားလိုက်ပါ"

"ဟုတ်ကဲ့ပါ Sir"

"ဒီနေရာမှာ ဘယ်သူမှမရှိပါဘူးကွာ မင်းငါ့ကို တရိုတသေပြောစရာမလိုပါဘူး"

ဟောက်ရွှမ်းက ခေါင်းညိတ်ပြသည်။

"ငါသွားပြီ"

"ဂရုစိုက်ပါ"

ရိပေါ် ​ခြေချလိုက်သည်နှင့် ခပ်အေးအေးလေ၏ အထိအတွေ့ကို ခံစားလိုက်ရသည်။ ဒီဂြိုဟ်က oxygen လဲရှိပြီး မြေဆွဲအားလဲရှိသည်။ မြေဆွဲအားက ကမ္ဘာမြေလောက် မများတာမို့ ရိပေါ်ခန္ဓာကိုယ်က သာမန်ထက်ပိုပေါ့ပါးနေသယောင်။

"ထိုက်ခုံးပေါင်က ဘယ်နားမှာများလဲ"

ရိပေါ် X-ray မျက်မှန်နှင့် အနားပတ်ဝန်းကျင်ကို ပတ်ကြည့်လိုက်သည်။သစ်ပင်ထက် ကျောက်ဆောင်တွေပြည့်နေသည့် ဂြိုဟ်က သွားလာရ အဆင်မပြေပေမဲ့ အန္တရာယ်တစ်စုံတစ်ခု ကြုံလာသည့်အခါ ပုန်းအောင်းလို့ရသည်။

"ငါးမီတာ အကွာမှာ သက်ရှိတစ်ကောင်ရှိနေတယ် ဟောက်ရွှမ်း"

ရိပေါ် စကားပြောစက်မှ တစ်ဆင့် ဟောက်ရွှမ်းထံအသိပေးလိုက်သည်။ ဟောက်ရွှမ်းက ထိုသက်ရှိနှင့် ပတ်သတ်သည့် အချက်အလက်များကို ပို့ပေးလိုက်ပြီးနောက်

"ဒီ Alien တွေက အကြားအာရုံမကောင်းဘူး။လှုပ်ရှားမှုနှေးကွေးတယ်။ ကိုယ်ထည်က စတီးတစ်ချောင်းလိုမာကြောတယ်။ သူတို့ရဲ့ အမြီးကို သတိထားပါ။ ပြီးတော့ သူတို့က မီးရဲ့အပူဒဏ်ကိုပါ ခံနိုင်တယ်"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"ဒီ Alien တွေက အကြားအာရုံမကောင်းဘူး။လှုပ်ရှားမှုနှေးကွေးတယ်။ ကိုယ်ထည်က စတီးတစ်ချောင်းလိုမာကြောတယ်။ သူတို့ရဲ့ အမြီးကို သတိထားပါ။ ပြီးတော့ သူတို့က မီးရဲ့အပူဒဏ်ကိုပါ ခံနိုင်တယ်"

Saviors of the OmegaverseWhere stories live. Discover now