Part (39)

5.4K 640 32
                                    

Unicode

Lord ဝမ်၏ ဖိတ်​ခေါ်မှုကြောင့် ရှောင်းကျန့် ဖခင်ဖြစ်သူနှင့်အတူ ဝမ်အိမ်တော်လို့ လိုက်လာခဲ့သည်။ Daniel နှင့် စေ့စပ်ပွဲကို ငြင်းပြီးသည့်နောက်ပိုင်း ရှောင်းကျန့် Lord ဝမ်မိသားစုနှင့်ရော ဖခင်ဖြစ်သူနှင့်ပါ မတွေ့ဖြစ်အောင်ရှောင်နေခဲ့သည်။ အခုက Lord ဝမ်ကိုယ်တိုင် ရှောင်းကျန့်ကို တွေ့ချင်သည်ဆိုတော့လဲ ငြင်းလို့မကောင်းတာကြောင့် လိုက်လာရခြင်းပင်။

"လာပါ အစ်ကိုရှောင်း......ရှောင်းကျန့် အန်ကယ်မင်းကို လှမ်းခေါ်လိုက်တာ မင်းအတန်းချိန်တွေ အတွက် အနှောင့်အယှက်များဖြစ်သွားလား"

"ကျွန်တော် ဒီနေ့တစ်နေ့လုံး စာသင်ချိန်တွေဖျက်ခဲ့ရပါတယ်"

"ရှောင်းကျန့်"

ဝန်ကြီးချုပ်ရှောင်းက ရှောင်းကျန့်ကို လှမ်းဟန့်ပေမဲ့ ရှောင်းကျန့်က မထုံတတ်တေး အမူအရာနှင့် သူ့အရှေ့က ရေနွေးခွက်ကို မှုတ်ပြီးသောက်နေသည်။

"အာ.....စိတ်မရှိပါနဲ့ကွာ....အန်ကယ်မင်းနဲ့ အစ်ကိုရှောင်းကို အရေးတကြီးပြောစရာရှိလို့ပါ"

ဝန်ကြီးချုပ်ရှောင်းက ခေါင်းညိတ်ပြလိုက်သည်မို့ Lord ဝမ်က စကားကို ပြန်ဆက်သည်။

"ရှောင်းကျန့် မင်းလဲ ကြားမိမှာပေါ့....မကြာသေးခင်က အန်ကယ့်ရဲ့ သားကို ပြန်တွေ့ခဲ့တာကို"

"ဟုတ်ကဲ့ ကြားမိပါတယ်"

"အဲ့တာ အန်ကယ့်ရဲ့ သားငယ်က မင်းကို မြတ်နိုးလို့ လက်ထပ်ချင်တယ်တဲ့။ အန်ကယ်နဲ့ အစ်ကိုရှောင်းလဲ မင်းတို့နှစ်ယောက်ကို နေရာချထားပေးချင်တယ်"

"Lord ဝမ်.....ကျွန်တော်အရင်တစ်ခါတုန်းက သေချာပြောပြခဲ့ပြီးပြီထင်ပါတယ်။ ကျွန်တော့်မှာ ချစ်ရတဲ့သူရှိပြီးသားမို့ ကျွန်တော် အခြားတစ်ယောက်နဲ့ လက်မထပ်လိုပါဘူး....။"

"ဒါပေမဲ့....သူက"

"My Lord သခင်လေး ပြန်လာပါပြီ"

အိမ်တော်ထိန်း၏ စကားအဆုံး Lord ဝမ်က မတ်တပ်ထရပ်လိုက်သည်မို့ ဝန်ကြီးချုပ်ရှောင်းနှင့် ရှောင်းကျန့်ပါ လိုက်ရပ်လိုက်သည်။

Saviors of the OmegaverseWhere stories live. Discover now