Part (13)

6.7K 802 67
                                    

Unicode

ရှောင်းကျန့် ဒဏ်ရာများအရှင်းမပျောက်သေးသည့် ကာလပတ်လုံး ရိပေါ်က ဝှီးချဲကို သူ့ဘာသာတွန်းကာ ရောက်ရောက်လာတတ်သည်။ အခုလည်းရှောင်းကျန့် ထမင်းစားနေတုန်း အနားတွင်လာထိုင်ကာ ဘာမှမပြောဘဲ မေးထောက်ရင်း ထိုင်ကြည့်နေသည်။

"မင်း အတန်းမတက်ရဘူးလား"

"ဟုတ်ကဲ့ လမ်းမလျှောက်နိုင်သေးလို့"

"မင်းခြေထောက်က ကျိုးနေတာမှ မဟုတ်တာ"

"မကျိုးပေမဲ့ ခြေထောက်ထောက်လိုက်ရင် တအားနာတယ် စီနီယာရဲ့...."

ရှောင်းကျန့်က ရိပေါ်ကို မယုံသင်္ကာနှင့် ကြည့်နေသည်။

"တကယ်ပြောတာပါ....စီနီယာရော သက်သာတယ်မလား....ဒဏ်ရာတွေရော အကုန်ပြန်ကောင်းပြီလား"

ရှောင်းကျန့်က ခေါင်းသာညိတ်ပြလိုက်သည်။

"စီနီယာရဲ့ မျက်လုံးရော ကောင်းရဲ့လား"

"ငါ့မျက်လုံးက ဘာဖြစ်နေလို့လဲ"

"ကျွန်တော့်အချစ်တွေကို မမြင်လို့လေ"

"သောက်ရူး"

"ဟဲဟဲ....စီနီယာကစိတ်ဆိုးနေရင်တောင် တကယ်ချစ်ဖို့ကောင်းတယ်...."

ရှောင်းကျန့်က ရိပေါ်ကို ရိုက်မလို့ပြင်ပေမဲ့ ဘယ်ဘက်လက်က ပတ်တီးစည်းထားပြီး ညာဘက်က တူကိုင်ထားသည့်အပြင် ခြေထောက်နှစ်ချောင်းလုံးကျောက်ပတ်တီးကိုင်ထားတာကြောင့် လူက လှုပ်လို့​တောင်မရ။

"မင်း....ငါလှုပ်လို့မရလို့ သက်သာသွားတယ်မှတ်"

"ဟင်....စီနီယာက လှုပ်လို့မရဘူးလား"

ရိပေါ်က မတ်တပ်ထရပ်ပြီးနောက်အနားတိုးလာကာ ရှောင်းကျန့် တစ်ကိုယ်လုံးကို ဝေ့ကြည့်လိုက်သည်။ ထို့နောက် နှုတ်ခမ်းကို ရွဲ့ပြီး အမြင်ကတ်ဖွယ်ကောင်းအောင်ပြောလိုက်ကာ

"မွ...."

ရှောင်းကျန့်ပါးကို လှစ်ကနဲနမ်းသွားသည်။ ဒီတစ်ခါတော့ ရှောင်းကျန့် တူကိုချပြီး အနားမှာ ရှိသည့် ပစ္စည်းတွေနှင့် ပစ်ပေါက်တာကြောင့် ရိပေါ် အခန်းထဲက ထွက်ပြေးသွားသည်။ ​နောက်မှ စပ်ဖြဲဖြဲနှင့် ပြန်ဝင်လာကာ

Saviors of the OmegaverseDove le storie prendono vita. Scoprilo ora