Unicode
ရှောင်းကျန့်နေသည့် အဆောင်က ကျောင်းဝန်းအနောက်ဘက်မှာ သီးသန့်ဆောက်ထားသည့် အဆောင်မို့ လူသွားလူလာမရှိ။
"ဝမ်ရိပေါ်!!"
"ဗျာ"
"တံခါးလော့ချဖို့လိုလို့လား....မင်းဘယ်ခြေလှမ်းနေတာလဲ ငါသိတယ်နော်"
"တပ်ထဲမှာနေတာကြာတော့ အကျင့်ပါသွားလို့ပါဗျာ...."
"အပိုတွေလုပ်မနေနဲ့ လိုရင်းကိုပြော"
"ပြောပါမယ်....အကျဥ်းထောင်ဖောက်တုန်းက ကူညီခဲ့တဲ့သူက Dark Lord မဟုတ်ဘူးကိုကို....Dark Lord ရဲ့လက်ပါးစေတစ်ယောက်ပဲ။ ပြီးတော့ သူက အုပ်ချုပ်ရေးအပိုင်းမှာ အရေးပါအရာရောက်တဲ့သူ"
"စဥ်းစားမိတဲ့သူရှိလား"
"မရှိဘူး....အုပ်ချုပ်ရေးအပိုင်းကို ကျွန်တော်လက်လှမ်းမမှီသေးဘူးကိုကို....ကိုကို့ပါးဆီကနေ တစ်ဆင့်စုံစမ်းပေးလို့ရမလား"
"ဘာလို့မင်းပါးကို မမေးတာလဲ"
"အာ....အဲ့တာ ဒယ်ဒီက အရမ်းအလုပ်များတယ်လေ ကျွန်တော်တို့ တစ်အိမ်ထဲသာနေတာ မတွေ့ဖြစ်ဘူး"
"ငါနဲ့ငါ့ပါးက တစ်အိမ်ထဲနေတာမှမဟုတ်တာ....ဘာလို့ငါ့ကို စုံစမ်းခိုင်းနေတာလဲ မင်းစုံစမ်းတာက ပိုမြန်တယ်မဟုတ်ဘူးလား"
ရှောင်းကျန့်ပြောတာ သွေးထွက်အောင်မှန်ပါတယ်။ တကယ်တော့ ရိပေါ် အကြောင်းမရှိအကြောင်းရှာပြီး တမင်ရောက်လာခြင်းပါ။ အခုတော့ ဘာပြန်ပြောရမှန်းမသိ။
"အဲ့တာကလေ....ဟိုဟာ......"
"ပြန်တော့ ဝမ်ရိပေါ်"
"ညနေစောင်းနေတော့ ဒီမှာပဲ အိပ်သွားလို့မရဘူးလားဟင်"
"သုံးနာရီပဲရှိသေးတယ် ညနေစောင်းတာလား...မြန်မြန်ပြန်တော့...ငါအတန်းရှိသေးတယ်"
"ဟွန့်....ကိုကို ကျွန်တော်ဗိုက်ဆာလို့ ကိုကို့မှာ စားစရာရှိလား"
"ကျောင်းကန်တင်းမှာသွားစား....ငါ့အိမ်က စတုဒီသာကျွေးတဲ့နေရာမဟုတ်ဘူး"
"ပိုက်ဆံပါမလာဘူး"
တော်ဝင်မျိုးနွယ် ဝမ်မိသားစုရဲ့ ဆက်ခံသူ ဝမ်သခင်လေးက ပိုက်ဆံပါမလာပါဘူးတဲ့။
ESTÁS LEYENDO
Saviors of the Omegaverse