Part (8)

7.1K 833 36
                                    

Unicode

"ဆုရတဲ့သူက.......ဝမ်ရိပေါ် ဖြစ်ပါတယ်"

"Wow ဝမ်ရိပေါ် ဝမ်ရိပေါ်"

အူကြောင်ကြောင်နှင့် ရပ်နေသည့် ရိပေါ်ကို ကျောင်းသားတွေက လက်ဆွဲနှုတ်ဆက်ကြ၊ ဖက်လိုက်ကြနှင့် မသိရင် စစ်ပွဲအောင်ပြီးပြန်လာသည့် စစ်သူကြီးအလား။

"ကျွန်တော်လား"

ရိပေါ်ကို သူ့ကိုယ်သူ လက်ညှိုးထိုးကာမေးတော့ ချောင်ယွိချန်က ခေါင်းညိမ့်ပြသည်။

"ရိပေါ်....စီနီယာတွေကို လက်စားချေပေးရမယ်နော်"

"ရိပေါ်....ငါတို့အစား စီနီယာတွေကို ပညာပေးပေးပါ"

"ကဲ ဟုတ်ပြီ ညီလေးရိပေါ် လိုချင်တဲ့ဆုကိုပြောပါ"

ရိပေါ်က တစ်ချက်ပြုံးလိုက်ပြီး

"ကျွန်တော့်သူငယ်ချင်းတွေရွေးပေးထားတဲ့ စီနီယာတွေအကုန်အပြစ်ဒဏ်ခံရမယ်......"

"Yay"

"ဒါပေမဲ့ စီနီယာရှောင်းမပါဘူး"

"ဟင်"

"ရိပေါ်...."

ရှောင်းကျန့်ကလဲ ရိပေါ်စကားကြောင့် မျက်မှောင်ကျုံ့ထားရင်းက လှမ်းကြည့်လာသည်။

"စီနီယာရှောင်းကျန့် အပြစ်ဒဏ်ခံစရာမလိုဘူး"

ထိုအခါကျောင်းသားတွေဆီမှ မကျေမချမ်းရေရွတ်သံတွေထွက်လာကြသည်။ ရိပေါ် ရှောင်းကျန့်ကို သဘောမကျပေမဲ့ ဒီလိုအပြစ်ဒဏ်မျိုးတော့ မပေးချင်။ အမြဲအင်္ကျီလက်ရှည်ကိုသာ လုံလုံခြုံခြုံသပ်သပ်ရပ်ရပ် ဝတ်ဆင်တတ်တဲ့ စီနီယာရှောင်းအတွက် ဒီအပြစ်ဒဏ်က အတော်လေး ပြင်းထန်လွန်းနေမှာ။

"ဝမ်ရိပေါ်.....စီနီယာရှောင်းက ဂိမ်းရှုံးတယ်လေ အဲ့တာကြောင့် သူအပြစ်ဒဏ်ခံရမှာပဲကို"

"မှန်တယ် ဝမ်ရိပေါ်....မင်းမြင်ယောင်ကြည့်စမ်း....စီနီယာရှောင်းက ဒီလောက်လှတာ...အဝတ်အစားမပါတဲ့ ပုံဆိုရင်.....ဘယ်လောက်တောင်"

ထိုကျောင်းသားရဲ့ စကားပင်မဆုံးလိုက် ရိပေါ်ရဲ့ လက်သီးတစ်ချက် ထိုကျောင်းသား၏ မျက်နှာပေါ်ရောက်လာသည်။

Saviors of the OmegaverseWhere stories live. Discover now