Part (58)

3.7K 375 4
                                    

Unicode

"ကျွန်​တော်တို့လဲ Earth 1 တိုက်ခိုက်ခံရတဲ့သတင်းကြားမိပါတယ်။ တကယ်ပဲ Dark Lord ကပြန်ရှင်သန်လာခဲ့တာလား။"

"ဟုတ်ပါတယ်။"

"အဲ့တာဆို စကြာဝဠာတစ်ခုလုံးအတွက် အန္တရာယ်ရှိလာနိုင်တာပဲ"

"မှန်ပါတယ်။ အဲ့တာကြောင့် Dark Lordကို သေချာပေါက်ဖျက်ဆီးပစ်ရမှာပါ။ ကျွန်တော် ဒီကိုရောက်လာရတဲ့အကြောင်းအရင်းကလဲ အဲ့ဒီအတွက်ပါပဲ"

"ကျွန်တော်တို့ရဲ့ ရတနာပစ္စည်းနဲ့များသက်ဆိုင်နေမလား"

"သက်ဆိုင်ပါတယ်။ Dark Lord ကိုနှိမ်နင်းဖို့က ခင်ဗျားတို့ရဲ့ ရတနာလိုအပ်တာမို့ပါ။ ခင်ဗျားတို့ အထွတ်အမြတ်ထားတဲ့ ပစ္စည်းဆိုတာ သိပေမဲ့....."

"အာ....ကိစ္စမရှိပါဘူး။ သခင်လေးအလိုရှိရင် ကျွန်တော်တို့ပေးမှာပါ။ကျွန်တော်တို့ ခုချိန်ထိ ထိန်းသိမ်းထားတယ်ဆိုတာကလည်း စကြာဝဠာကြီးကို ကာကွယ်ဖို့ပါပဲ။အခု သခင်လေးအလိုရှိတယ်ဆိုတာကလဲ ကောင်းမွန်တဲ့ကိစ္စမှာ အသုံးပြုမှာမို့ ကျွန်တော်တို့ လိုလိုလားလားလက်ခံပါတယ်။"

"ကျေးဇူးတင်ပါတယ်။ ကျွန်တော်သေချာပေါက် အောင်မြင်အောင်နှိမ်နင်းပြီး စကြာဝဠာကို ကာကွယ်ပါ့မယ်။ ​ကျွန်တော့်အဖေ ကျင်းဟုန်ယွီ မပြီးမြောက်ခဲ့တဲ့ တာဝန်ကို ကျွန်တော်ကိုယ်တိုင် အပြီးသတ်မှာပါ။"

"ယုံကြည်ပါတယ် သခင်လေး....စကြာဝဠာတစ်ခုလုံးကို ကာကွယ်ပေးဖို့ သခင်လေးကို အပ်ပါတယ်"

"စိတ်ချပါ"

နှစ်ဦးနှစ်ဖက် သဘောတူညီမှုယူပြီးနောက် ခေါင်းဆောင်ဖြစ်သူက ရိပေါ်လက်ထဲသို့ တတိယရတနာ ပေါင်ကွိန့်အားပေးအပ်လိုက်သည်။

"ကောင်းကောင်းအသုံးချပါ သခင်လေး"

ပန်းရောင်စိန်ပွင့်ကြီးက ရိပေါ်လက်ထဲရောက်သည်နှင့် မျက်စိကျိန်းလောက်သည့် အလင်းတန်းများထွက်လာကာ ရိပေါ်ကိုယ်တွင်းသို့ ကြီးမားသည့် စွမ်းအားတစ်ခုစီးဆင်းသွားသယောင်ခံစားလိုက်ရသည်။

"သခင်လေးက ပေါင်ကွိန့်ရဲ့ ပိုင်ရှင်အစစ်ဖြစ်ပုံပါပဲ"

ခန္ဓာကိုယ်တွင်းစီးဆင်းနေသည့် အင်အားကြီးမားသည့် စွမ်းအားကို ရိပေါ်ခံစားမိသည်။ အခုဆို ရတနာလေးမျိုးစုံသွားပြီမို့ ရိပေါ်အတွက် Dark Lord ကိုရင်ဆိုင်ရန် အဆင်သင့်ဖြစ်ပေပြီ။

Saviors of the OmegaverseWhere stories live. Discover now