Part (5)

6.9K 838 32
                                    

Unicode

"အ........"

"ရိပေါ် သတိရလာပြီ"

"ဒါ ဆေးရုံလား"

ရိပေါ် ထထိုင်ဖို့ ကြိုးစားပေမဲ့ လက်တွေခြေထောက်တွေက လှုပ်လို့မရ။

"ခဏလှဲနေပါဦး ရိပေါ် မင်းတစ်ကိုယ်လုံး ဒဏ်ရာတွေချည်းပဲ"

ဟောက်ရွှမ်းပြောမှ ရိပေါ် သူ့တစ်ကိုယ်လုံး ပတ်တီးတွေဖွေးနေတာကို သတိထားမိသည်။ အဲ့လောက်တောင် ပြင်းထန်သွားသည်လား။ အရင်တုန်းက လမ်းကူးရင်း ကားတိုက်ခံရတုန်းကတောင် ဒီလောက်မဆိုးခဲ့တာ။ ရှောင်းကျန့် လက်ချက်နဲ့ကျမှပဲ မံမီပုံပေါက်သွားရသည်။

"ဟောက်ရွှမ်း.....ငါ့သူငယ်ချင်း ယွီပင်းရော မင်းသူ့ကို တွေ့မိလား"

"ရိပေါ် ငါဒီဘက်မှာ"

ရိပေါ်ခုတင်ရဲ့ ကန့်လန့်ကာ တစ်ဖက်မှ ပြန်ထူးသံကြားတာကြောင့် ဟောက်ရွှမ်းက ကန့်လန့်ကာကို ဆွဲဖယ်လိုက်သည်။

"ယွီပင်း....မင်းအဆင်ပြေရဲ့လား"

"ပြေတယ်....ငါမသေသေးဘူး"

ယွီပင်းက သူ့ထက်တောင် အဖြစ်ဆိုးနေရှာသည်။ မျက်နှာတောင် မမြင်ရ။

"ကျစ်.....ရှောင်းကျန့်....အဲ့ဒီလူကြောင့်....ငါနေပြန်ကောင်းသွားရင် မင်းအတွက် လက်စားပြန်ချေပေးမယ် ယွီပင်း"

"အယ်....ရိပေါ်....ရတယ်...ငါတကယ်ရတယ်...လက်စားချေစရာမလိုပါဘူး...စီနီယာပြောတာလဲ မှန်ပါတယ်...သူက ငါ့ကို ကြိုးစားစေချင်တဲ့ စေတနာနဲ့ပြောတာ နေမှာပါ.....ငါတကယ်ဘာမှမခံစားရပါဘူး အဲ့တာကြောင့် သူနဲ့ ထပ်ပြီး ရန်မဖြစ်ပါနဲ့​တော့ကွာ"

ယွီပင်းက ပတ်တီးစည်းထားသည့် လက်ကို မြှောက်ကာ ရိပေါ်ကို တားရှာသည်။ သို့သော်လဲ ယွီပင်းစကားက ရိပေါ်နားထဲကို မရောက်။

"ခက်တာက ငါသူ့ကို မယှဥ်နိုင်သေးတာပဲ....ငါသေချာပေါက် ကြိုးစားလေ့ကျင့်ပြီး သူ့ကို အနိုင်ယူပြမယ်..."

ယွီပင်းကတော့ တားမရသည့် ရိပေါ်ကို ပတ်တီးကြားကနေ မသက်မသာလေး ကြည့်နေရသည်။
______________________
"ရှောင်းကျန့်....မင်းလက်တလော ရိပေါ်နဲ့ဝေးဝေးနေတာကောင်းမယ်"

Saviors of the OmegaverseWhere stories live. Discover now