Part (57)

3.7K 410 3
                                    

Unicode

"Sir တတိယရတနာနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေရှာတွေ့ပါပြီ"

"ဘယ်နေရာမှာလဲ ဟောက်ရွှမ်း"

"Parallel universeရဲ့ Earth 4 မှာပါ Sir"

ရိပေါ်က hologram နှင့် ပြထားသည့် Earth 4၏ ပုံသဏ္ဍာန်ကို သေချာကြည့်ရှုလိုက်သည်။

"Earth 4 ဆိုတာ PUA နဲ့ စာချုပ်ချုပ်မထားဘဲ တသီးတသန့်ရပ်တည်နေတဲ့ ဂြိုဟ်တစ်ခုမလား"

"ဟုတ်ပါတယ် Sir Earth 4 ကလူတွေက ရှေးရိုးစွဲကြပြီး သူတို့ဂြိုဟ်ကို သူစိမ်းလာတာမျိုးမကြိုက်ပါဘူးတဲ့"

"တတိယရတနာအကြောင်းရော သိရလား"

"ဟုတ်ကဲ့ Sir, တတိယရတနာက ပေါင်ကွိန့်宝贵 လို့ခေါ်ပါတယ်။ ပန်းရောင်စိန်တလုံးပါ။ သူ့ရဲ့ စွမ်းအားက အတိုင်းအဆမရှိဘူးလို့လဲ ပြောကြတယ်။ သူတို့က ရတနာကို သေချာထိန်းသိမ်းထားတာမို့ Earth 4ရဲ့ အုပ်ချုပ်သူက လွဲလို့ ကျန်တဲ့သူယူလို့မရပါဘူး Sir။ Earth 4 ရဲ့အုပ်ချုပ်သူက လိုလိုလားလားပေးမှ ယူခွင့်ရှိမှာပါ။"

"ဒါတစ်ခုတော့ကောင်းတယ်။ Dark Lord လက်ထဲရောက်သွားမှာ မပူရဘူး။"

"သား....သတင်းကောင်းတစ်ခုရှိတယ်"

"ဒယ်ဒီ"

Lord ဝမ်က သက်တော်စောင့်နှစ်ယောက်နှင့်အတူ ရိပေါ်ထံရောက်လာသည်။

"မင်း Earth 4 ကိုသွားတဲ့အခါ ဒါကိုယူသွားပါ"

"ဒယ်ဒီ....ဒါက"

Lord ဝမ် ရိပေါ်လက်ထဲသို့ ထည့်ပေးလိုက်သည့် ပစ္စည်းက Lightsaber တစ်ချောင်းပင်။

"ဒါက မင်းပါပါးရဲ့ လက်နက်ပဲသား....။ တစ်ချိန်တုန်းက Earth 4 ကို သွေးစုပ်ကောင် Alienတွေတိုက်ခိုက်ခဲ့ဖူးတယ်။ အဲ့ဒီအချိန်တုန်းက အကျပ်အတည်းထဲရောက်နေတဲ့ Earth 4 ကို Shane ကကယ်တင်ပေးခဲ့တယ်။ သူတို့က အခုချိန်ထိ Shane ကိုလေးစားနေကြတုန်းပဲ။ မင်းအဖိုးရဲ့ အမိန့်ကြောင့် Shane ရဲ့တပ်ဖွဲ့တွေ Dark Lordကိုရင်ဆိုင်ပြီး ကျဆုံးသွားကြတော့ Earth4 က PUA ကနေခွဲထွက်ပြီး တသီးတခြားရပ်တည်နေခဲ့တာ။ အကယ်၍ သူတို့သားကို Shane ရဲ့သားမှန်းသိရင် မင်းကို တိုက်ခိုက်မှာမဟုတ်ဘူး......"

Saviors of the OmegaverseWhere stories live. Discover now