Unicode
မကြာခင် Spaceship ရောက်လာတော့မှာမို့ ရိပေါ်တို့ ဆယ်ယောက်လုံး ကျောင်းဝင်းထဲက ကွင်းပြင်မှာ အဆင်သင့်ပြင်ထားပြီး စောင့်နေကြသည်။
"မင်းတို့အားလုံး အောင်အောင်မြင်မြင်နဲ့ ပြန်လာခဲ့ကြပါ"
"စိတ်ချပါ Sir"
Rector၏ စကားကို ရိပေါ်တို့ ဦးညွတ်ကာ ပြန်ဖြေလိုက်ကြသည်။
ခဏကြာတော့ PUA မှလွှတ်လိုက်သည့် Spaceship ရောက်လာကာ ကျောင်းဝင်းထဲတွင် ရပ်နားလိုက်ပြီး လူတစ်ယောက်ဆင်းလာသည်။
"တွေ့ရတာဝမ်းသာပါတယ် Sir ကျွန်တော်က PUA ရဲ့ Deputy Director ကျန်းရိရှင်းပါ"
Rector က ထိုလူကို လက်ဆွဲနှုတ်ဆက်လိုက်ပြီးနောက်
"ဝမ်းသာပါတယ်....ကျွန်တော်တို့ကျောင်းသားတွေကို စောင့်ရှောက်ပေးဖို့ အပ်ပါတယ်"
"စိတ်ချပါဗျ....ကျွန်တော်တို့ဘက်က ကျောင်းသားတွေရဲ့ လုံခြုံမှုအတွက် အပြည့်အဝ အာမခံပါတယ်"
"ကောင်းပါပြီ....."
"ကျောင်းသားတွေယာဥ်ပေါ်တက်လို့ရပါပြီဗျ"
ရိပေါ်တို့ ယာဥ်ပေါ်မှာ တက်လိုက်သည်နှင့် ချက်ချင်းမြေပြင်မှ ထွက်ခွာသွားသည်။ ရိပေါ် စိတ်လှုပ်ရှားစွာနှင့် ခြေထောက်နှစ်ချောင်းကို လှုပ်နေမိသည်။
"ဝမ်ရိပေါ်....ခြေထောက်ကို ငြိမ်ငြိမ်ထားစမ်း"
ရှောင်းကျန့်က လှမ်းငေါက်တော့ ရိပေါ် ပြန်ငြိမ်သွားသည်။ သူဘယ်လိုနေနေကို အပြစ်မလွတ်တာပါ။
"ကျွန်တော်တို့ အဖွဲ့တွေအကုန်လုံး ဂြိုဟ်ရဲ့ ပတ်ပတ်လည်မှာ ရှိနေမှာဖြစ်လို့ စိုးရိမ်စရာမလိုပါဘူး။ အကယ်၍ တစ်ခုခုဆိုရင် ဆက်သွယ်လို့ရအောင် ဒီနာရီကို တစ်ယောက်တစ်လုံးဆီယူထားပေးပါ။ ကျောင်းသားတို့ ဂြိုဟ်ပေါ်ကို ခြေချလိုက်တာနဲ့ ကျွန်တော်တို့ရဲ့ ယာဥ်ကို ထွက်ခွာသွားပြီး ဂြိုဟ်ရဲ့ မလှမ်းမကမ်းမှာ ရပ်နားထားမှာပါ....အချိန်သုံးနာရီပြည့်ရင် ကျွန်တော်တို့ လာပြန်ခေါ်ပါမယ်"
ထိုစဥ် ယာဥ်ဦးခေါင်းပိုင်းမှ အချက်ပြသံမြည်လာပြီးနောက်
VOCÊ ESTÁ LENDO
Saviors of the Omegaverse