Part (46)

5.1K 615 48
                                    

Unicode

ဆေးကုသဆောင်အတွင်းသို့ ဒုန်းဆိုင်းပြေးဝင်လာသည့် ရှောင်းကျန့်ဆရာဝန်တစ်​ယောက်ကို တိုက်မိပြီး ထိုဆရာဝန်က လဲကျသွားသည်။

"ဆောရီး"

ရှောင်းကျန့်ထိုလူအား ဆောရီးတစ်ခွန်းသာပြောလိုက်ပြီး လှည့်ထွက်သွားမလို့ပြင်နေတုန်း လဲကျသွားသည့် ဆရာဝန်ကို ရှောင်းကျန့် သေချာပြန်ကြည့်မိသည်။

"ကျန်းဖန်ရှင်း"

"စီနီယာ....မတွေ့တာကြာပြီ"

"နောက်မှ မင်းနဲ့စကားပြောတော့မယ် လောလောဆယ် ငါမအားဘူး"

တော်တော်နှင့် ပြန်မထနိုင်သေးသည့် ဖန်ရှင်းက ရှောင်းကျန့်ကျောပြင်ကိုသာ လိုက်ကြည့်နေသည်။

"ဘာလို့ လူတွေက ငါ့ကိုပဲ ဝင်တိုက်နေကြတာလဲ"

"ထနိုင်လား"

သူ့ထံလက်တစ်ဖက်ကမ်းပေးလာပြီး နူးနူးညံ့ညံ့ မေးလိုက်သည့် အသံရှင်ကို ဖန်ရှင်းမော့ကြည့်လိုက်သည်။

"ယွီပင်း"

ယွီပင်းက သွားသုံးဆယ့်နှစ်ချောင်းလုံးပေါ်အောင်ရီပြရင်း မျက်လုံးကိုလဲပေကလပ်ပေကလပ်လုပ်ပြနေသည်။ မျက်နှာရူးလိုက်လေချင်း။ ဖန်ရှင်း မျက်နှာလွှဲကာ သူ့ဘာသာ ထလိုက်သည်။ ခြေထောက်ခေါက်သွားတာကြောင့် လူကအနဲငယ်ယိုင်သွားပြီး ယွီပင်းရင်ခွင်ထဲ အော်တိုပစ်ဝင်သွားသည်။ ခေါင်းတစ်လုံးကျော်မျှကွာဟသည့် အရပ်ကြောင့် သူ့ခေါင်းက ယွီပင်းရင်ဘတ်မှာ မှီလျက်သား။ သူကြားနေရသည့် တဒိန်းဒိန်းရင်ခုန်သံက ယွီပင်းဆီကလား။

"မင်းမှာ နှလုံးရောဂါရှိတာလား"

ဖန်ရှင်းက ယွီပင်းရင်ခွင်ထဲမှ ရုန်းထွက်ပြီးနောက် မျက်မှန်လေးကို ပင့်တက်ကာ အူကြောင်​ကြောင်လေးမေးလိုက်သည်။

"အရင်တုန်းက မရှိဘူး။ အခုတော့ ရှိနေပြီလားမသိဘူး"

စပ်ဖြီးဖြီးမျက်နှာနှင့် ပြောနေသည့် ယွီပင်းကို ကြည့်မရစွာ လှည့်ထွက်လာလိုက်တော့ မျက်နှာရူးကိုယ်တော်က သူ့နောက်မှလိုက်လာလေသည်။
______________________
"ရိပေါ်! ဝမ်ရိပေါ်!"

Saviors of the OmegaverseWhere stories live. Discover now