Unicode
"ရပ်လိုက်"
ပြတ်သားသည့် အမိန့်ပေးသံနှင့်အတူ လူတစ်ယောက် တပ်သားများဦးဆောင်လျက် အနားသို့ရောက်လာသည်။ ထိုသူက
"လက်ထောက်ညွှန်ကြားရေးမှူးကျန်း"
"မင်းတို့က ငါ့တပ်သားတွေကို သံသယဝင်ရဲတယ်လား"
ကျန်းရိရှင်း၏ ခပ်မာမာမေးခွန်းကြောင့် ထိုအစောင့်တပ်သားများက ချက်ချင်းအရိုအသေ ပေးလာကြပြီး
"တောင်းပန်ပါတယ် ကျွန်ဝောာ်တို့ လူစားလဲဖို့ အမိန့်မရထားလို့ပါ။ ခွင့်လွှတ်ပေးပါ လက်ထောက်ညွှန်ကြားရေးမှူး"
"သွားကြတော့ ငါ့ဆီက အမိန့်ရမှ ပြန်လာခဲ့ကြ"
"ဟုတ်ကဲ့ပါ"
ထိုအစောင့်တပ်သားများထွက်သွားသည်နှင့် ကျန်းရိရှင်းက ရိပေါ်ထံ သော့တစ်စုံကမ်းပေးလာကာ
"မြန်မြန်ခေါ်ထုတ်သွားပါ။ ဒီနေရာက Daniel ထိန်းချုပ်ထားတာမို့ မိနစ်ပိုင်းအတွင်းသူသိသွားလိမ့်မယ်။ ကျွန်တော် ခင်ဗျားအတွက် အချိန်ခဏပဲဆွဲထားပေးနိုင်တယ်"
"ကောင်းပါပြီ ကျွန်တော် ခင်ဗျားကျေးဇူးကိုမမေ့ပါဘူး"
နောက်ဆုံးတော့ အမှန်တရားဘက်ရပ်တည်လိုက်တဲ့ လက်ထောက်ညွှန်ကြားရေးမှူးကျန်း၏ အကူအညီကြောင့် ရိပေါ် မွေးစားမိဘနှစ်ပါးအား ဘေးမသီရန်မခဘဲ ပြန်ခေါ်ထုတ်နိုင်ခဲ့သည်။
________________________"မကြာသေးခင်ကာလက Iron Height အကျဉ်းထောင်မှ ထောင်ဖောက်ပြေးသွားသည့် ရာဇဝတ်သားများက universe အတွင်း မကြာခဏဆိုသလို အကြမ်းဖက်မှုများ လုပ်ဆောင်လာနေကြပါတယ်။ ထိုအကြမ်းဖက်လုပ်ရပ်ကြောင့် သာမန်လူအများစုနေထိုင်သည့် Earth 1 မှာသေကြေပျက်စီးမှုများဖြစ်ပွားလျက်ရှိပါတယ်။ Earth2 ကလဲ ယခုအချိန်မှာ အကြမ်းဖက်သမားတွေရဲ့ တပ်စခန်းဖြစ်သွားရပါတယ်။ အကြမ်းဖက်သမားများ၏ ရည်ရွယ်ချက်မှာ စကြာဝဠာတစ်ခုလုံးကို အုပ်ဆိုးနိုင်ဖို့ဖြစ်ပြီး ၎င်းတို့၏ ရည်ရွယ်ချက်အောင်မြင်ဖို့ အပြစ်မဲ့ ဂြိုဟ်သူဂြိုဟ်သားများအား ရက်ရက်စက်စက် သတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိပါတယ်။ ထိုအကြမ်းဖက်သမားများကို ဦးဆောင်သူမှာ တစ်ချိန်က သေဆုံးသွားပြီဟု သတ်မှတ်ခဲ့သည့် Dark Lord ဖြစ်ကြောင်း ကောလာဟလများ ထွက်ပေါ်လျက်ရှိပါတယ်။ ယခုလို အချိန်မှာ PUA အဖွဲ့အစည်းအနေနဲ့ မည်သို့ တာဝန်ယူဆောင်ရွက်နေကြောင်း ကျွန်မတို့ သတင်းဌာနကနေ တာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်"
ESTÁS LEYENDO
Saviors of the Omegaverse