Part (43)

5.5K 644 28
                                    

Unicode

"အထူးတပ်ဖွဲ့က အရမ်းတင်းကျပ်တယ်။ တစ်နေ့ကို အိပ်ချိန်ငါးနာရီပဲပေးတာ။ သင်တန်းကာလ သုံးနှစ်ပြီးတော့ ကျွန်တော်က အဖွဲ့ငယ်လေးတစ်ခုရဲ့ ခေါင်း​ဆောင်ဖြစ်သွားတယ်။ တိုက်ပွဲတွေတစ်ခုပြီးတစ်ခု နိုင်အောင်တိုက်ခဲ့ပြီးတော့ တဖြည်းဖြည်းနဲ့ ကျွန်တော်ရာထူးတိုးသွားတယ်....ကိုကိုဘာသိချင်သေးလဲ"

ရိပေါ်က ရှောင်းကျန့်ပါးတစ်ဖက်ကို ရွှတ်ကနဲ နမ်းရင်း မေးလိုက်သည်။ ရှောင်းကျန့်က ရိပေါ်နမ်းသွားတဲ့ သူ့ပါးကို လက်နှင့်ပွတ်ပစ်ပြီး တစ်ဖက်လှည့်သွားကာ

"မင်းက ငါ့ကို သန့်စင်တဲ့ omega မို့လို့ အပိုင်သိမ်းဖို့လုပ်တာလား"

"အာ....အဲ့လိုမဟုတ်ပါဘူးကိုကိုကလဲ....ကိုကိုက ကျွန်တော်ချစ်ရတဲ့သူမို့ပါ...ဒီကိစ္စတွေက မထင်မှတ်ဘဲ တိုက်ဆိုင်သွားတာ။ ကျွန်​တော့်ကို အထင်မလွဲပါနဲ့ ကိုကိုရယ်။ ကျွန်တော်ကိုကို့ကို ဘယ်လောက်ချစ်တယ်ဆိုတာ ကိုကိုသိရဲ့သားနဲ့ဗျာ...."

ရိပေါ်က ချက်ချင်းကို ထထိုင်ပြီး ပြာပြာသလဲလဲ ရှင်းပြနေသည်။ တစ်ချက်တစ်ချက် အသံတောင် တုန်သွားသေးတာ။ရှောင်းကျန့်ကတော့ တစ်ဖက်လှည့်ထားရင်း ရိပေါ်မသိအောင်ခိုးပြုံးလိုက်သည်။ ဒီကောင်လေး သူ့ကို ငါးနှစ်တောင် ထားပစ်ခဲ့တာ ဒီလောက်တော့ အပြစ်ပေးရမယ်။

"ကိုကို.....တစ်ခုခု ပြောပါဦးဗျ....ကျွန်တော် ကိုကိုယုံအောင် ဘယ်လိုသက်သေပြရမလဲဟင်....."

ရှောင်းကျန့်ဆီမှ ဘာစကားသံမှထွက်မလာ။

"ကျွန်​တော်နားလည်ပါပြီ.....ကိုကိုစိတ်တိုင်းကျသာဆုံးဖြတ်ပါ။ ကျွန်တော့်ကို လက်မထပ်ချင်လဲ ကိုကို့သဘောပါပဲ။ ကျွန်တော် ကိုကို လက်ခံလာမဲ့အချိန်ထိစောင့်ပါမယ်"

ရိပေါ်က သက်ပြင်းချသံနှောကာ ပြောလိုက်ပြီးနောက် ရှောင်းကျန့်ကို ကျောပေးရင်း လှဲလိုက်သည်။ ခဏကြာတော့ သေးသွယ်သည့် လက်လေးတစ်ဖက်က သူ့ခါးကို သိုင်းဖက်လာပြီး အဝတ်မကပ်သည့် သူ့ကျောပြင်ကို ခပ်ဖွဖွလေးနမ်းရှိုက်လာသည်။

"မင်းကြောင့် ငါ့မာနတွေလဲ စျေးပေါကုန်ပါပြီ....."

"ဟင်"

Saviors of the OmegaverseDove le storie prendono vita. Scoprilo ora