Part (32)

6.1K 674 63
                                    

Unicode

"ကိုကို ကျွန်တော်ရေချိုးမလို့ ဒီလည်ပတ်က ရေထိရင် ပျက်လား"

ရေချိုးဖို့ အပေါ်ပိုင်းဗလာနှင့် အောက်ပိုင်းကို တပတ်လေး ပတ်ထားသည့် ရိပေါ်က ရေချိုးခန်းထဲဝင်သွားပြီးမှ ပြန်ထွက်လာပြီးမေးသည်။

"ရေထိလဲရတယ်....ပြီးမှပြန်သုတ်လိုက်ပေါ့"

"ဟုတ်....."

စွမ်းအားချိတ်ပိတ်သည့် အရာကို တစ်ချိန်လုံး လည်ပတ်မှာ ဝတ်ထားရတော့ အနေရခက်ဟန်တူသည်။ ထမင်းစားရေသောက်သည့် အချိန်ဆိုရင်လဲ လည်စိကြီးကြီးလေးနဲ့ ထိမိနေတာကြောင့် မျိုချရတဲ့အခါဆို သူ့ခမျာ သိပ်အဆင်မပြေလှ။ ညဘက်ဆိုရင်လဲ လည်ပတ်ကြီးခံနေတော့ အိပ်ရတာ ဇာတ်နာသည်တဲ့လေ။ အနှောင့်အယှက်ကြီးတစ်ခုလိုဖြစ်နေပေမဲ့လဲ ရိပေါ်က သည်းခံရှာသည်။ ဒါကိုပဲ ရှောင်းကျန့်မှာ ဘေးကနေကြည့်ရင်း သနားနေရသည်။

ရေချိုးပြီး၍ ရိပေါ် ထွက်လာတော့ ရှောင်းကျန့် တဘက်ယူပြီး ရိပေါ်ကို သူ့နားထိုင်ခိုင်းလိုက်သည်။

"ရော့.....တဘက်"

"ကိုကိုမသုတ်ပေးဘူးလား"

"မင်းမှာ လက်ပါတာပဲဟာ"

"ဟွန့်......."

"ဒီဘက်လှည့်"

ရှောင်းကျန့်က ရိပေါ်လည်ပင်းမှ လည်ပတ်ကို စွမ်းအားသုံး၍ ​ခြောက်သွေ့စေလိုက်သည်။

"ဒီလောက်ဆိုရ......အု......အွန်း....."

ရုတ်တရက်ကြီး ရိပေါ်က ရှောင်းကျန့်မျက်နှာလေးကို ဆွဲယူကာ နမ်းလိုက်တော့ ရှောင်းကျန့်က မျက်လုံးအပြူးသားနှင့်။

"နေ......နေဦး....မင်းအအေးပက်မယ်....အဝတ်အစားအရင်ဝတ်"

"မဝတ်တော့ပါဘူး ပြီးရင်လဲ ချွတ်ရမှာပဲကို"

"ဟင့််အင်း.....ရိပေါ်.....ငါ......."

အဆင်သင့်မဖြစ်သေးဘူးဆိုသည့် စကားကိုတောင် ဆုံးအောင်ပြောခွင့်မရလိုက်။ ရိပေါ်၏ နှုတ်ခမ်းတွေက ရှောင်းကျန့် လည်တိုင်ကို သက်ဆင်းလျက် စုပ်ယူနမ်းရှိုက်နေသည်။ လက်တွေကပါ အင်္ကျီအောက်ထဲ လျှိုဝင်လာပြီး ချယ်ရီပွင့်ဖတ်လေး နှစ်ချပ်ကိုပါ ရန်ရှာလာသည်မို့ ရှောင်းကျန့် ရုန်းဖယ်လိုက်မိသည်။

Saviors of the OmegaverseOù les histoires vivent. Découvrez maintenant