Part (2)

8.8K 963 85
                                    

Unicode

"ကျောင်းသားသစ်တွေအားလုံးကို Omegaverse တက္ကသိုလ်ကနေ ကြိုဆိုလိုက်ပါတယ်....။ ဒီနေရာကို ရောက်လာတယ်ဆိုကတည်းက အားလုံးမှာ သူမတူတဲ့ စွမ်းအားတွေရှိတဲ့ အတွက်ကြောင့်ပါ။ မင်းတို့ ခန္ဓာကိုယ်ထဲ အသွေးထဲအသားထဲက စွမ်းအားဆိုတာ မင်းတို့အတွက် လက်ဆောင်တစ်ခုပဲ။ အဲ့ဒီလက်ဆောင်ကို အကျိုးရှိရှိ အသုံးချတတ်ဖို့၊ လမ်းမှားမရောက်စေဖို့အတွက် ဒီနေရာက စည်းစနစ်တကျသင်ကြားပေးသွားမှာ ဖြစ်တယ်။"

Rectorက ခဏရပ်ပြီးနောက် အချက်ပြလိုက်သည်နှင့် အစောင့်တွေက tablet ကဲ့သို့ ဖန်သားမျက်နှာပြင်တစ်ခု သယ်လာကြသည်။

"ဒီဖန်သားပြင်က မင်းတို့နေရမဲ့ အဆောင်ကို ခွဲပေးလိမ့်မယ်။ ပထမဆုံးအနေနဲ့ ဒီတက္ကသိုလ်မှာ ရှေးယခင်ထဲက အဆောင်လေးခု ခွဲခြားထားတယ်။ အဲ့ဒီလေးမျိုးက
Commander ❤
Warrior 💚
Protector💙
Healer 🤍 တို့ပဲဖြစ်တယ်"
(*အရောင်ပြချင်တာကြောင့် အသဲပုံထည့်လိုက်ရတာပါ။ တံဆိပ်ကအသဲပုံမဟုတ်ပါဘူးနော်😁)

"သန့်စင်တဲ့ Alpha တွေက Commander အဆောင်၊ သွေးနှောAlphaတွေက Warrior နဲ့ သွေးနှော Omegaတွေက Protector၊ သန့်စင်တဲ့ Omega တွေက Healer ဆိုပြီး အဆောင်အသီးသီးခွဲထားပါတယ်။ ကျောင်းသား အားလုံး သက်ဆိုင်ရာ အဆောင်အလံရှေ့မှာ တန်းစီပြီး အစစ်ဆေးခံပေးပါ"

ရိပေါ်က သွေးနှောAlpha လို့သူ့ကိုယ်သူထင်တာကြောင့်ဟောက်ရွှမ်းနှင့်အတူတူ အစိမ်းရောင်အလံရှေ့မှာသွားရပ်လိုက်သည်။

"အားလုံးနေရာယူပြီးပြီဆိုရင် မင်းတို့ရဲ့ လက်နှစ်ဖက်လုံး screen ပေါ်တင်လိုက်ပါ။ အကယ်၍ မင်းရပ်နေတဲ့နေရာက မင်းအတွက် မှန်ကန်တယ်ဆိုရင် Comfirm ဆိုတဲ့ စာတန်းပေါ်လာပါလိမ့်မယ်။ Comfirm ဖြစ်တဲ့သူက ဟိုဘက်ထောင့်မှာ ရပ်နေတဲ့သက်ဆိုင်ရာ ကျောင်းသားခေါင်းဆောင်တွေဆီမှာ uniform သွားယူကြပါ။"

ရိပေါ် Rector ညွှန်ပြသည့် နေရာကို ကြည့်လိုက်​တော့ ခုနက ချောလွန်းသည့်လူနှင့် အတူ လူသုံးယောက်ရပ်နေကြသည်။ ဒါဆို အနီရောင်ဝတ်စုံနှင့် ထိုလူက Commanderတွေရဲ့ ကျောင်းသားခေါင်းဆောင်ပေါ့။

"အကယ်၍ Comfirm မဖြစ်ဘဲ Error ပေါ်လာခဲ့ရင် အဆောင်ပြောင်းလဲ ပေးရပါမယ်"

Saviors of the OmegaverseOù les histoires vivent. Découvrez maintenant